Myanmar



မန္တလေးဈေးကွက် ဆီဈေးနှုန်းများနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီဈေးနှုန်းများ နှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

14 8 2023


မန္တလေးဈေးကွက်တွင် ဆီဈေးနှုန်းများအနေဖြင့်
● ပဲဆီ တစ်ပိဿာ ၁၃၀၀၀ မှ ၁၄၀၀၀ ကျပ်၊
● နှမ်းဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊
● မုန့်ညင်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး
● ပဲပုတ်ဆီမှာ အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာ ၅၈၀၀ကျပ် မှ ၆၀၀၀ကျပ်ထိ ဈေးမြင့်နေပြီး
● နေကြာဆီမှာ တစ်ပိဿာ ၁၂၀၀၀ကျပ် မှ ၁၃၀၀၀ကျပ် ဈေးရှိသည်။


မန္တလေးဈေးကွက်တွင် ဆီထွက်သီးနှံ ဈေးနှုန်းများအနေဖြင့်

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင်
မြေပဲ (လုံးဆံ/ဆိဆံ)ဈေးနှုန်းမှာ
● မြေပဲ(လုံးဆံ) အား လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်ရှိခြင်း မိုးမြေပဲ မဝင်သေးခြင်းကြောင့် ၁၀၀ ပိဿာ ယခင်အပတ်အရည်အသွေး အကောင်းဆုံး ၇၃၀၀၀၀ ကျပ် မှ ယခုအပတ် ၇၆၀၀၀၀ ကျပ် သို့လည်းကောင်း၊
● မြေပဲ(ဆီဆံ)မှာလည်း ဆီစက်သမား ပုံမှန်ဝယ်ယူခြင်း၊ မိုးမြေပဲမပေါ်သေးခြင်း ကြောင့် ၁၀၀ပိဿာ ၇၀၀၀၀၀ကျပ်မှ ၇၄၀၀၀၀ကျပ်သို့ဈေးမြင့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့်
● နှမ်ဖြူမှာ မိုးနှမ်းဝင်ချိန်နီး၍ လှောင်သမားမှ ထုတ်ရောင်းမှု ရှိသဖြင့် လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက် ပုံမှန်ရှိသော်လည်း ၄၅ ပိဿာ ၃၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
● နှမ်းညိုမှာ အသစ်များ စတင်ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေး ကောင်းခြင်း၊ ဆီစက်သမား ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၃၀၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်သို့ဈေးမြင့်လာသည်။
● နှမ်းနက်မှာ တရုတ်ဝယ်လက်ရှိခြင်း လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၄၅ ပိသာ ၃၀၀၀၀၀ကျပ် မှ ၃၁၀၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

● ပန်းနှမ်းမှာ စတင်စိုက်ပျိုးရန်ပြင်ဆင်စ ကာလဖြစ်ခြင်း ယခင်နှစ် အဝင်နည်းခဲ့သဖြင့် လက်ကျန်နည်းခြင်း၊ ရောဆီအဖြင့်သုံးရန် ဆီစက်သမား အဝယ်ရှိခြင်းတို့ကြောင့် ၄၅ ပိသာ ၁၈၀၀၀၀ကျပ်မှ ၁၉၀၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

● နေကြာမှာမူ ဆောင်းလက်ကျန်ပစ္စည်းရှားခြင်း၊ မိုးနေကြာ မဝင်သေးသော်လည်း၊ ဆီစက် သမား အဝယ်နည်း ခြင်းတို့ကြောင့် ၂၇ ပိသာ ၁၃၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 15 August 2023 10:55
Rate this item
(0 votes)