Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

14 8 2023

မန္တလေးဆန်ပွဲရုံများတွင်
● ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှ ဝင်ရောက်လာသော ဆန်ဖြစ်ခြင်း၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၁၂၅၀၀၀ကျပ်မှ ၁၃၀၀၀၀ ကျပ်သို့လည်းကောင်း၊
● ရန်ကုန် ပေါ်ဆန်းမှာလည်း ရန်ကုန် ဈေးကွက်မှတစ်ဆင့် ဝင့်ရောက်သဖြင့် လက်ကျန်နည်း အဝင်နည်းခြင်းကြောင့် ယခင်အပတ် ၉၀၀၀၀ကျပ် မှ ၁၂၀၀၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။

● မနောသုခဆန်မှာ မိုးစပါးဝင်ချိန်နီးခြင်း၊ စားသုံးမှုနှင့် အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

● ငစိန်ဆန်မှာ အသစ်မဝင်သေးသော်လည်း လုပ်ငန်းသမား၊ မုန့်သမား အဝယ်နည်းခြင်း ကြောင့် တစ်အိတ် ၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး
● ဇီယာဆန်မှာ အသစ်ဝင်ချိန်နီး၍ လှောင် သမား ထုတ်ရောင်းမှုရှိခြင်း နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ ကျပ် မှ ၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

● ဧရာမင်းဆန်မှာ အသစ်မဝင်သေးသဖြင့် လှောင်သမားထံ မှ ဝယ်ရခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိ ခြင်းကြောင့်တစ်အိတ် ၁၂၀၀၀၀ ကျပ်မှ ၁၂၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 15 August 2023 10:49
Rate this item
(0 votes)