Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းဒေသအစားအစာ ငါး ထမင်းချဉ်

တိုင်းရင်းသားအစားအစာတစ်မျိုးဖြစ်တဲ့ ရှမ်းအစားအစာ ငါးထမင်းချဉ်ကို

ဆိုင်တွင်သွားရောက်စားသောက်စရာ မလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်လုပ်စားနိုင်တဲ့ ငါးထမင်းချဉ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ရှမ်းဆန်၊ ငါး၊ ခရမ်းချဉ်သီး၊ ပဲပုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်နှင့် နနွင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဆန်ကို စေးနေအောင် ချက်ထားပါ။ ပြီးလျှင် ငါးကို ရေဆေးသန့်စင်ပြီးရင် ဆား၊ နနွင်းမှုန့်နှင့် နယ်ပြီး ရေအနည်းငယ်ထည့်၍ ပြုတ်ထားပါ။

 

ငါးနူးရင်တော့ ငါးကို အရိုးနွှင်ထားပါ။ ပြီးနောက် ခရမ်းချဉ်သီးကိုလည်းပြုတ်ပါ။ ခရမ်းချဉ်သီး နူးလျှင် ဆယ်ပြီး အခွံခွာ၍ နုတ်နုတ်စင်းထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကျက်လျှင် ဆယ်ပြီးတော့ ကြက်သွန်နီကို ထည့်၍ ကြော်ပေးပါ။

 

ကြက်သွန်နီကျက်ပြီဆိုလျှင် အရိုးနွှင်ထားသော ငါးကို ထည့်၍ လုံးလိုက်ပါ။ ကျက်ပြီဆိုလျှင် မီးမိတ်ပြီး အအေးခံထားပါ။

 

ငါးထမင်းချဉ်နယ်ဖို့အတွက် ထမင်းကို ဇလုံကြီးကြီးထဲထည့်ပါ။ ပြီးလျှင် ငါးအနှစ်၊ ခရမ်းချဉ်သီးအနှစ်၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ရော၍ နယ်ပေးပါ။

 

ပဲပုပ်ကို မီးကင်ပြီးလျှင် ညက်အောင်ထောင်း၍ ထည့်လိုက်ပါ။

 

နယ်ပြီးလို့ နှံ့သွားပြီဆိုရင်တော့ ထမင်းကို အလုံးကလေးများလုံး၍ ကြက်သွန်ဖြူကြော်ကို အပေါ်မှဖြူးပြီး စားသုံးလို့ရပါပြီ။

 

ထမင်းချဉ်နှင့် လိုက်ဖက်တဲ့ ၀က်အူချောင်းကြော်၊ ဂျူးမြစ်တို့နှင့် တွဲစားရင်တော့ အလွန်အရသာရှိမှာ ဖြစ်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:23
Rate this item
(1 Vote)