Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ရှမ်းစတိုင်လ် မှိုချဉ်‌စပ်‌ချက်‌နည်း

မိုးရာသီကလည်းဖြစ် မိုးအေးအေးနဲ့ အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ရှမ်းစတိုင်လ် မှိုချဉ်စပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ တုန်ယမ်းခဲ၊ နံနံပင်၊ ရှမ်းနံနံ၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သကြား၊ သံပရာသီး တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မှိုကို အနေတော်လှီးပြီး ရေဆေးထားပါ။ ပြီးနောက် ရေစစ်ပေးထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲရေထည့်ပြီး မီးဖိုပေါ်တင်၍ ရေကို ဆူပွက်အောင်တည်ထားပေးပါ။ ရေဆူလျှင်တော့ တုန်ယမ်းခဲကို ထည့်လိုက်ပါ။

 

Read More >>>> ထိုင်းစတိုင်လ် ထောပတ်ပုစွန်ထုပ်ကြော်

 

ကြက်သွန်နီကို အခွံနွှာပြီး ၄ စိတ်စိတ်ထားပေးပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး ဓားပြားရိုက်ပေးထားပါ။

 

ငရုတ်သီးစိမ်းကိုလည်း ဓားပြားရိုက်ထားပါ။ ပြီးနောက် မှိုနှင့် ခရမ်းချဉ်သီးကိုထည့်ချက်လိုက်ပါ။

 

အရသာအတွက် ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သကြားတို့ ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် မိနစ်အနည်းငယ်ကြာ တည်ထားပြီးမှ နံနံပင်နှင့် ရှမ်းနံနံကို ထည့်လိုက်ပါ။

 

စားခါနီးရင်တော့ သံပရာသီးညှစ်ထည့်၍ မှိုချဉ်စပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 11:53
Rate this item
(1 Vote)