Myanmar



မြန်မာဆန် ပြည်ပတင်ပို့မှု ၄၅ ရက် ယာယီရပ်နားမည်

မြန်မာဆန် ပြည်ပတင်ပို့မှု ၄၅ ရက် ယာယီရပ်နားမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ပြည်တွင်းဆန်ဈေး မြင့်တက်မှုကို ထိန်းချုပ်ရန် မြန်မာဆန် တင်ပို့မှုကို ယာယီကန့်သတ်ရန် စီစဉ်လျက်ရှိသည်။

 

“ယခုလကုန်မှ ၄၅ ရက်အတွင်း ဆန်တင်ပို့မှုကို ယာယီ ကန့်သတ်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာသည် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာခြင်းသည် ဆန်ပို့ကုန်ကန့်သတ်ရန် အာဏာပိုင်များက အရေးယူဆောင်ရွက်စေခဲ့သည်ဟု ၎င်းက ပြောကြားသည်။

 

 

 

၂၀၂၃ ဇူလိုင် ၂၄ နှင့် ဩဂုတ် ၂၄ ဆန်ဈေးနှုန်းများ

 

photo_2023-08-25_20-27-54333.jpg

 

 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၂ သန်းကျော် ရောင်းချနေရကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ သိရသည်။

 

အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးကွက်ထဲ တန်ချိန် ၁၀ သန်းခန့် အဝင်နည်းသွားစေသည်။

 

"မြန်မာနိုင်ငံက အိန္ဒိယ နှင့် ထိုင်းတို့လို ကမ္ဘာ့ဆန်ဈေးကွက်မှာ လက်ကြီးသမား မဟုတ်သော်လည်း ဆန်နည်းလာချိန်မှာ ကန့်သတ်ချက်များ ရှိလာရပါတယ်"ဟု အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ ကုန်သည်တဦးက ပြောကြားသည်။

Source Reuters

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 25 August 2023 20:40
Rate this item
(0 votes)