Myanmar



မြန်မာဆန်နှင့် ကမ္ဘောဒီးယားဆန် အင်ဒိုနီးရှား ဝယ်ယူမည်

မြန်မာဆန်နှင့် ကမ္ဘောဒီးယားဆန် အင်ဒိုနီးရှား ဝယ်ယူမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog သည် အစိုးရ အရန်ဆန်လက်ကျန်များ ဖြည့်တင်းရန်အတွက် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းရန် ကြိုးပမ်းနေသည်။

 

 အယ်နီညိုရာသီဥတုပုံစံကြောင့် အင်ဒိုနီးရှားတွင်  စပါးအထွက်နည်းမည်ဟု ကြိုတင်ခန့်မှန်းထားကြောင်း Bulog က ပြောကြားသည်။

 

ယခုနှစ်အစောပိုင်းတွင် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ဆန် မက်ထရစ်တန် ၁.၆ သန်း တင်သွင်းခဲ့ကြောင်း Bulog က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်တွင်းမှ ဆန် ၇၈၆,၆၉၇ တန်ကိုလည်း ၀ယ်ယူခဲ့ပြီးဖြစ်သည်။

 

အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် ခွဲတမ်းကို ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ် ခွဲတမ်း တန်ချိန် ၃ သိန်းမှ ခွဲတမ်းလက်ကျန်အပြင် တန်ချိန် ၂ သန်း လျာထားခြင်း ဖြစ်သည်။

 

Bulog ၏ ကော်ပိုရိတ်အတွင်းရေးမှူး Awaluddin Iqbal က ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းမှု အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိဘဲ “စာချုပ် ချုပ်ဆိုခြင်း မပြုရသေးပါ။ သို့သော် မကြာခင် ချုပ်ဆိုနိုင်ဖို့ မျှော်မှန်း ထားပါတယ်" ဟု ဖြေကြားသည်။

 


ကမ္ဘောဒီးယားဆန် တန်ချိန် ၁ သိန်းကျော် အင်ဒိုနီးရှား တင်သွင်းမည်

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6694-asia-rice.html


 

အင်ဒိုနီးရှား၏ ယခုနှစ် ဆန်အထွက်နှုန်းမှာ တန်ချိန် ၃၁.၅၆ သန်းဟု ခန့်မှန်းထားပြီး ပြည်တွင်း စားသုံးမှု တန်ချိန် ၃၀.၈၄ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။

 

အင်ဒိုနီးရှားရှိ အလယ်အလတ်တန်း ဆန်ဈေးနှုန်းများသည် ဩဂုတ်လ ၂၁ ရက်တွင် တစ်ကီလိုလျှင် ရူပီယာ ၁၃၆၀၀ (ဒေါ်လာ ၀.၈၈၇၁) ရှိသည်။ ယမန်နှစ်ကထက် ၁၄.၇% ပိုများသည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်စက်များအသင်း၏ ဂျကာတာ ဥက္ကဋ္ဌ Nellys Soekidi က စပါးအထွက်နှုန်းကျဆင်းမှုကြောင့် လယ်သမားများက မြို့တော်၏ ဗဟိုဆန်ဈေးကွက်သို့ ပျမ်းမျှ နေ့စဉ်ဆန်တင်ပို့မှုမှာ လွန်ခဲ့သည့်လတွင် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။

Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 25 August 2023 22:45
Rate this item
(0 votes)