Food & Livestock



ကမ္ဘောဒီးယားဆန် တန်ချိန် ၁ သိန်းကျော် အင်ဒိုနီးရှား တင်သွင်းမည်

ကမ္ဘောဒီးယားဆန် တန်ချိန် ၁ သိန်းကျော် အင်ဒိုနီးရှား တင်သွင်းမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘောဒီးယားဆန်ကို ယခုနှစ် ပထမ နှစ်ဝက်တွင် ၅၂ နိုင်ငံသို့ တင်ပို့ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန် အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။

 

အင်ဒိုနီးရှား အစိုးရသည် အရန်ဆန် သိုလှောင်ရန် ပြည်ပမှ ဆန်များကို ဝယ်ယူတင်သွင်းလျက်ရှိရာ ကမ္ဘောဒီးယားဆန်ကိုလည်း ဝယ်ယူတင်သွင်းမည် ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့သည် ကမ္ဘောဒီးယားမှ ဆန်တန်ချိန် ၁၂၅,၀၀၀ တင်ပို့ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း အင်ဒိုနီးရှား စီးပွားကူးသန်းဝန်ကြီးနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

ကမ္ဘောဒီးယားဆန် တန်ချိန် ၁၂၅,၀၀၀ ကို အင်ဒိုနီးရှားက ဝယ်ယူရာ၌ ဆန်ဖြူ တန်ချိန် ၁ သိန်းနှင့် တန်းမြင့်ဆန် တန်ချိန် ၂၅,၀၀၀ တို့ ပါဝင်သည်။

 

အင်ဒိုနီးရှားက ကမ္ဘောဒီးယားဆန် တစ်နှစ်လျှင် တန်ချိန် ၂၅၀,၀၀၀ ကို ၄ နှစ်ဆက်တိုက် ဝယ်ယူရန်အတွက် နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

 

အင်ဒိုနီးရှားသည် ဆန်ဝယ်ယူတင်သွင်းရန် ရင်းမြစ်အသစ်များ ရှာဖွေနေရာ၌ ကမ္ဘောဒီးယားဆန်ကို ဝယ်ယူတင်သွင်းခြင်း ဖြစ်သည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ဆန်စက်များ၊ သိုလှောင်ရုံများ၊  ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများအပြင် ကမ္ဘောဒီးယားသို့ ဓာတ်မြေဩဇာများ တင်ပို့ရေးတွင်လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားသည်။

 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုတို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တင်သွင်းရန် ရည်ရွယ်ချက်ကို အင်ဒိုနီးရှားမှ အတည်ပြုပြောကြားခဲ့သည်။ အင်ဒိုနီးရှား စီးပွားကူးသန်းဝန်ကြီး နှစ်ရက်ကြာ ကမ္ဘောဒီးယား ခရီးစဉ်တွင် ဆန်အရောင်းအဝယ်ကိစ္စ သဘောတူညီမှု ရရှိခဲ့ကြသည်။

 

ကမ္ဘောဒီးယားသည် ယခုနှစ် ပထမနှစ်ဝက်တွင် ဆန် ၃၂၉,၆၃၃ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၂၂၉ သန်းခန့် ရရှိခဲ့သည်။ တန်းမြင့် မွှေးရနံ့ဆန်၊ ဆန်မွှေး၊ ဆန်လုံးရှည် ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန် တို့ကို တင်ပို့သည်။

 

ကမ္ဘောဒီးယား ဆန်စပါး အဖွဲ့ချုပ် Cambodian Rice Federation (CRF) က ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားဆန် တန်ချိန် ၇၅၀,၀၀၀ တင်ပို့ရန် ရည်မှန်းထားသည်။

 

Source Khmer Times

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 18 August 2023 13:46
Rate this item
(0 votes)