Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးပနော်မီးကင်​​ထောင်း

ငါးကို ချက်စား၊ ကြော်စား ရတာ ငြီးငွေ့နေသူများနှင့် အရိုးကြောက်သူများအတွက်

ငါးပနော်မီးကင်ထောင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးပနော်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ နံနံပင်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးကို ရေဆေး သန့်စင်ပြီးလျှင် မီးသွေးမီးဖိုနဲ့ ငါးကို မီးဖိုပေါ်တွင် ကင်ထားပါ။

 

ငါးကို ကျက်မကျက်ကြည့်ပြီး ဟိုဘက်ဒီဘက်လှည့်ပေးပါ။ ငါးအသားအထဲကလည်းကျက် အနံ့​​မွှေးလည်းမွှေးလာ​အောင်​ ကင်​ထားပါ။

 

ငါးကင်​လို့ပြီးရင်​ အရိုးထွင်အသား​လေး​တွေဖွပြီး ကြက်​သွန်​ဖြူ၊ ငရုတ်​သီးစိမ်း​လှော်​နဲ့ ငါးကင်​ကို ဆား၊ ဟင်းခတ်မှုန့်​အနည်းငယ်​ထည့်ပြီး ခပ်ဖွဖွ​ထောင်းပေးပါ။

 

ပြီးလျှင် ကြက်​သွန်​ဖြူနဲ့၊ ငရုတ်​သီးစိမ်း မညက်​တညက်​​လေး​ထောင်းပြီးမှ ငါးကို
ထည့်​လိုက်ပါ။

 

နောက်​ဆုံးမှ နံနံပင်​​ကို ထက်ပိုင်းပိုင်းပြီး ပဲဆီစိမ်း​လေး​လောင်း၍ ခပ်ဖွဖွလေးနယ်ပေးပါ။

 

ငါးပနော်က အဆိမ့်​အရသာ​လေးနဲ့ စားရတဲ့အတွက်ကြောင့် ဆား၊ ဟင်းခတ်မှုန့်​ကို​ လျှော့ထည့်
လိုက်ပါ။

 

ငါးပနော်မီးကင်ထောင်းက ဆိမ့်​ဆိမ့်​​မွှေး​မွှေး​လေးနဲ့မို့ ထမင်းပူပူလေးနှင့် အရည်သောက်ဟင်းတစ်ခွက်နဲ့ဆိုရင် ထမင်းမြိန်စေပြီး အရမ်းစား​ကောင်းမှာ အသေချာပဲဖြစ်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:31
Rate this item
(1 Vote)