Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ ပင်လယ်စာ ထမင်းကြော်

Unicode ဖြင့်ဖတ်ရန်

စားလို့အရမ်းကောင်းတဲ့ ပင်လယ်စာ ထမင်းကြော်


ဒီကနေ့တော့ စားလို့အရမ်းကောင်းတဲ့ ပင်လယ်စာထမင်းကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ထမင်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်၊ ပြောင်းဖူး၊ ဘိုစားပဲ၊ ဥနီ၊ ပန်းဂေါ်ဖီ၊ ဆား၊ ကြက်သွန်မြိတ်၊ ရှာလကာရည်၊ ငံပြာရည်၊ ငရုတ်သီးစိမ်း တို့ လိုအပ်ပါမယ်။

 

Snacks အဆာပြေမုန့်ထုတ်လုပ်ငန်းပေါင်း ၉၄ ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး ထမင်းအိုးအရင်တည်ထားပေးပါ။


ပြီးနောက် ပုစွန်နဲ့ ပြည်ကြီးငါးကို ရေဆေးသန့်စင်ထားပါ။  ပြောင်းဖူး၊ ဘိုစားပဲ၊ ဥနီ၊ ပန်းဂေါ်ဖီ စတဲ့ အသီးအရွက်တွေကိုလည်း လှီးဖြတ်ပြီး ရေဆေးသန့်စင်ထားပါ။


ပြီးလျှင် ကြက်သွန်ဖြူ တစ်ပြားရိုက်ပြီး ဆီသတ်ပေးပါ။


ပြီးနောက် ပုစွန်နဲ့ ပြည်ကြီးငါးကို ထည့်ပြီး ဆီသတ်ပေးပါ။

 

ပြီးလျှင်  ပြောင်းဖူး၊ ဘိုစားပဲ၊ ဥနီ၊ ပန်းဂေါ်ဖီများကို လှီးဖြတ်ပြီးသားကို ထည့်ပြီးကြော်လိုက်ပါ။

 

ပြီးနောက် ထမင်းကျက်ပြီဆိုရင် ထမင်းထည့်ပြီး ကြော်လိုက်ပါ။

 

ပြီးလျှင် ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်၊  ဆားထည့်ပြီး မွှေပေးလိုက်ပါ။

 

Read More >>>>>  ချဉ်ငံစပ် ကင်းမွန်အစာသွပ်ချက်နည်း

 

နောက်ဆုံးမှ ကြက်သွန်မြိတ်ကို အပေါ်ယံမှထည့်လိုက်ပြီးရင်တော့ စားလို့အရမ်းကောင်းတဲ့ ပင်လယ်စာ ထမင်းကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

ထမင်းကြော်နှင့်တွဲစားဖို့ အချဉ်အတွက် အတွက်  ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းပြီး  ရှာလကာရည်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ ထည့်ပြီး မွှေပေးလိုက်ပါ။

 

Myanmar Food Industry Directory  (WWH)

 

 

 

 


 


 


 

Snacks အဆာပြေမုန့်ထုတ်လုပ်ငန်းပေါင်း ၉၄ ခုကိုရှာရန်နှိပ်ပါ။









 


 


 


 

Read More >>>>>  ချဉ်ငံစပ် ကင်းမွန်အစာသွပ်ချက်နည်း

 


 


 


 

 

 

 

 

 

Read times Last modified on Monday, 17 February 2020 15:02
Rate this item
(1 Vote)