Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ မုန်လာဥဖြူသုပ်

နွေရာသီကာလကလည်းဖြစ် ပူကလည်းပူအိုက် ထမင်းနှင့်ဟင်း မစားချင်သူများအတွက် ထမင်းမြိန်စေမှာဖြစ်ပြီး အသုပ်ကိုမှ စားချင်သူများအတွက်

လွယ်လင့်တကူပြုလုပ်နိုင်တဲ့ မုန်လာဥဖြူ သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ မုန်လာဥဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်မှုန့်၊ မြေပဲလှော်၊ ငရုတ်သီးအကျက်မှုန့်၊ နှမ်း၊ သံပရာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး မုန်လာဥကို အခွံခွာ ရေဆေးပြီး ခြစ်နှင့် ခြစ်ပြီးရေ နှင့်
ရှာလကာရည် အနည်းငယ်ထည့်ကာ စိမ်ထားပေးပါ။

 

ကြက်သွန်ဖြူကို ဓားပြရိုက်ပြီး ဆီချက်ချက် ထားပါ။

 

ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာ ရေဆေးပြီး ဇကာနှင့် ရေစစ်ထားပါ။

 

ခြစ်ထားသော မုန်လာဥကို ရေညှစ်ကာ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုစွန်ခြောက်မှုန့်၊ မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မှုန့် တို့ကိုထည့်ကာ သံပရာရည်ညှစ်ပြီး သမအောင်နယ်၍ နှမ်းလှော်ဖြူးကာ အပေါ်ယံမှ နံနံပင်နှင့် ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပြီးရင်တော့ ချဉ်ငံစပ် မုန်လာဥဖြူသုပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 14:22
Rate this item
(1 Vote)