Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော်ရရှိ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော်ရရှိ Google

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ပြီး

 ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် တိုးလာခဲ့သည်လို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

 

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်ထိ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီလံကျော် ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကျော် ရှိသည်။ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံကျော် ပါဝင်ပြီး နယ်စပ်ကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ပါဝင်သည်။

 

"ကုန်သွယ်မှု ဆိုတာ ဘယ်လိုပဲ ဖြစ်ဖြစ် အင်မတန် အရေးကြီးပါတယ်။ အရေးကြီးတဲ့ အတွက် ကုန်သွယ်မှု ပမာဏက COVID-19 ကာလမှာ မူလလျာထားချက်ထက် မလျော့တဲ့အပြင်ကို ပိုလျှံတယ်ဆိုတာ ကောင်းပါတယ်။ ဒါက ကောင်းတဲ့ အလားအလာ တစ်ခုပေါ့။”ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့သည်။

 

ယခုနှစ် ပြည်ပ ကုန်သွယ်မှု ပမာဏသည် ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် တိုးလာခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁ ဘီလီယံကျော် ရှိခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဓိက ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း ၊ စက်မှုကုန်ချောပစ္စည်း နှင့် အခြားတို့ ဖြစ်ကာ သွင်းကုန်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ ပါဝင်နေပြီး နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်ပြီး နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိသည်လို့ သိရသည်။

 

By Myanmar Food Guide

Read 708 times
Rate this item
(0 votes)