Myanmar



စူပါမားကက်များ Myanmar Rice Online (MyRO) စနစ်တွင် မှတ်ပုံတင်ရန် ကိစ္စ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကြေညာချက် ထုတ်ပြန်

စူပါမားကက်များ Myanmar Rice Online (MyRO) စနစ်တွင် မှတ်ပုံတင်ရန် ကိစ္စ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကြေညာချက် ထုတ်ပြန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဆန်စပါး သိုလှောင်ရုံများ Myanmar Rice Online (MyRO) စနစ်တွင် မှတ်ပုံတင်ရန် ကိစ္စ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကြေညာချက်အမှတ် (၀၁/၂၀၂၄) ကို ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်  ရက်စွဲဖြင့် ထုတ်ပြန်ထားပါသည်။


 

“ဆန်စပါး သိုလှောင်ရုံများ Myanmar Rice Online (MyRO) စနစ်တွင် မှတ်ပုံတင်ရန် ကိစ္စ”

 

၁။ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျ သတ်မှတ်ဆောင်ရွက်နိုင်ရေး တို့အား ရည်ရွယ်လျက် ဆန်စပါးကဏ္ဍတွင် ပုံမှန် လုပ်ငန်းလုပ်ကိုင်နေသူများအား ဝန်ထုပ်ဝန်ပိုးနှင့် ထိခိုက်မှု မရှိစေရေးအတွက် လည်းကောင်း၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်း မဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးအတွက် လည်းကောင်း၊ ဈေးဝယ်အရောင်းစင်တာ (Supermarket)များနှင့် လက်လီလက်ကား ဆန်ဆိုင်များတွင် ခင်းကျင်းရောင်းချမှုများအတွက် သိုလှောင်မှုများကို စနစ်တကျရှိစေရန်အတွက် လည်းကောင်း၊ စီးပွားဖြစ် ရောင်းဝယ်ရန် အလို့ငှာ ဆန်တန်ချိန် (၅၀) (သို့မဟုတ်) စပါးတင်း(၅၀၀၀) နှင့်အထက် သိုလှောင်ထားရှိမှုများ ကို မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO)စနစ်တွင် မှတ်ပုံတင်ရန် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့တွင် အသိပေးကြေညာထားပြီး ဖြစ်ပါသည်။

 ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ 

• ရန်ကုန်တိုင်းဒေသကြီးမှ သိုလှောင်ရုံ (၈၇)လုံး

• ဧရာဝတီတိုင်း ဒေသကြီးမှသိုလှောင်ရုံ (၅၂)လုံး

• ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၁၀)လုံး

• မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၄)လုံး

• စစ်ကိုင်းတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၁)လုံး

• နေပြည်တော်ကောင်စီနယ်မြေမှ သိုလှောင်ရုံ (၁၉)လုံး

• ရခိုင်ပြည်နယ်မှ သိုလှောင်ရုံ (၁)လုံး

စုစုပေါင်း သိုလှောင်ရုံ (၁၇၄)လုံး အား မှတ်ပုံတင် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

 

၂။ သို့ပါ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်ဆန်စပါး အသင်းအဖွဲ့များ၏ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် အသင်းခွဲများ၊ ဒေသကော်မတီများ၊ ကုန်စည်ဒိုင်များ အနေဖြင့် မိမိတို့ အသင်းဝင်များ၏ ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်ခြင်းလုပ်ငန်းကို အချိန်မီ ဆောင်ရွက်နိုင်ရေး စီစဉ်ညှိနှိုင်း ဆောင်ရွက်ပေးပါရန် လည်းကောင်း၊ ကုမ္ပဏီများ၊ တသီးပုဂ္ဂလ လုပ်ငန်းရှင်များ အနေဖြင့်လည်း သတ်မှတ်ချက် များနှင့်အညီ MyRO တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် လည်းကောင်း၊ ဈေးဝယ်အရောင်းစင်တာ (Supermarket) များ အနေဖြင့်လည်း မိမိတို့၏ စင်တာများတွင် ခင်းကျင်းပြသ ရောင်းချသော ဆန်အိတ်များ သိုလှောင်သည့် သိုလှောင်ရုံများ မှတ်ပုံတင်နိုင်ရေးကို လည်းကောင်း အထူးအလေးပေး ကြပ်မတ်ဆောင်ရွက် ပေးရန် စားသုံးသူရေးရာဦးစီးဌာနမှ (၃-၁-၂ဝ၂၄) ရက်နေ့တွင် စာဖြင့်ပေးပို့ အကြောင်းကြားထားပါသဖြင့် သိရှိ လိုက်နာ ဆောင်ရွက်ရန် အသိပေး နှိုးဆော်အပ်ပါသည်။ MyRO တွင် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်း ဆွေးနွေးရန် ရှိပါက ဖုန်းနံပါတ် ၀၉-၈၉၃၀၉၅၅၀၃, ၀၉-၉၇၅၈၆၄၂၆ဝ၇ နှင့် Email: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 14 January 2024 22:53
Rate this item
(0 votes)