Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဂဏန်းကော်ပြန့်စိမ်း

ကျန်းမာရေးနဲ့ညီညွတ်ပြီး အထူးကောင်းမွန် အရသာရှိစေမည့် ကော်ပြန့်စိမ်းကို အများနဲ့မတူဘဲ တမူထူးခြားအောင်

ဂဏန်းသားကော်ပြန့်စိမ်းလေးကို လွယ်လင့်တကူ ပြုလုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဂဏန်းအသား၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကော်ပြန့်ရွက်တို့ ပါဝင်ပါမယ်။

 

ပထမဦးဆုံး အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် တို့ကို ရေစင်အောင် ဆေးကြောပြီး ခပ်သေးသေးဖြစ်အောင် လှီးဖြတ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဂဏန်းအသားများကို ငရုတ်ကောင်း၊ ဆား တို့နှင့်နယ်၍ အသီးအရွက်အစုံနှင့် ပဲပင်ပေါက်တို့ကို ရေအနည်းငယ်ထည့်၍ မွှေပေးထားပါ။

 

အရွက်များနူးပြီး ရေခမ်းသွားလျှင်တော့ မီးကို ခဏပိတ်ပေးထားပါ။

 

ပြီးလျှင် ကော်ပြန့်ရွက်ကို အ၀တ်စဖြင့်သုတ်ပြီး အလယ်မှာ ဂဏန်းသားနှင့် အသီးအရွက်များ စုပုံ၍ လိပ်လိုက်ပါ။

 

ပြီးနောက် ရေနွေးငွေ့လေးပေးပြီး ပူပေါင် ပေါင်းပေးထားပါ။

 

နောက်ဆုံး စားခါနီးမှ ကော်ပြန့်ကို မိုက်ခရိုဝေ့ တွင် စက္ကန့် သုံးဆယ်ခန့် အပူပေးပြီးရင်တော့ အချဉ်ရည်နှင့် တွဲဖက်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:47
Rate this item
(1 Vote)