Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မရမ်းသီးငါးပိကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မရမ်းသီးပေါ်ချိန်ဖြစ်တဲ့အတွက် ထမင်းစားမြိန်စေမယ့်

မရမ်းသီးငါးပိကြော်နည်းအကြောင်းလေး တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ မရမ်းသီး၊ ပုစွန်ခြောက်၊ မျှင်ငါးပိ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်၊ ငရုတ်သီးမှုန့်၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ ဖြစ်ပါတယ်။

မရမ်းသီးကို အရင်ဆုံး သန့်စင်အောင် ရေဆေးပါ။ ပြီးလျှင် မရမ်းသီးကို အစိတ်ခပ်သေးသေးဖြစ်အောင် လှီးဖြတ်ထားပါ။

ပုစွန်ခြောက်အကောင်ဆိုရင် ထောင်းထားပြီး အမှုန့်ဆိုရင် ဒီအတိုင်းဆိုရပါတယ်။ ငရုတ်​သီးတောင့်ကို စက်ဖြင့်ကြိတ်ပါ သို့မဟုတ် ငရုတ်ဆုံတွင် ညက်အောင်ထောင်းထားပါ။

ပြီးလျှင် ကြက်​သွန်​နီ၊ ကြက်သွန်ဖြူတွေကို ပါးပါးလှီးထားပါ။ ဒယ်​အိုးတစ်​လုံးမှာ ဆီခပ်​များများ​လေးထည့်​ မီးဖိုပေါ်တင်ပြီးလျှင် ပါးပါးလှီးထားတဲ့ ကြက်​သွန်​နီ၊ ကြက်သွန်ဖြူ​တွေကို ဆီသတ်​ပေးပါ။ နနွင်းမှုန့်​​အနည်းငယ်​ထည့်​ပြီး အနံ့​​မွှေးလာလျှင်​ မျှင်ငါးပိ​ထည့်​​ကြော်​ပါ။

မျှင်ငါးပိ​တွေကို မွ​လာ​အောင်​​ကြော်​​ပြီးမှ ပုစွန်​​ခြောက်​​ထည့်​​ကြော်​ပါ။ ငရုတ်​သီးထောင်းထားတာတွေ ထည့်​​ကြော်​ပါ။ ငရုတ်​သီးနံ့​ပျောက်​ပြီဆိုမှ​ မရမ်းသီးစိတ် လှီးထားတာ​တွေထည့်​​ပြီး ကြော်လိုက်ပါ။

အနည်းငယ်​​ခြောက်​သွားပြီဆိုမှ ငရုတ်​သီးမှုန့်လိုက်ပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်​မှုန့်​တို့ဖြင့်​ အရသာဖြည့်​စွက်​ပြီး ကြော်ပေးပါ။ ပြီးရင်တော့ ဟင်းအရည်သောက်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါပြီ။

မရမ်းသီးငပိကြော်ကို ကြာရှည်ခံအောင်အတွက် ခပ်ခြောက်ခြောက်လေးကြော်ပေးရပါမယ်။‌

Read times Last modified on Thursday, 13 September 2018 17:37
Rate this item
(0 votes)