Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် မုန်လာဥမုန့်

မုန်လာဥကို မုန့်လုပ်စားရမှန်း မသိသေးသူများအတွက် အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့

 

မုန်လာဥမုန့် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။




ပါဝင်ပစ္စည်းများကတော့ မုန်လာဥဖြူ၊ ဆန်မှုန့်၊ ပြောင်းဖူးမှုန့်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မုန်လာဥကို အခွံခွာပြီး ခြစ်ဖြင့် ခြစ်ထားပါ။ ပြီးလျှင် ဇလုံတစ်လုံးယူပြီး ခြစ်ထားသော မုန်လာဥကို ဆန်မှုန့်၊ ပြောင်းဖူးမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆီ၊ သကြားတို့ထည့်ပြီး ရေအနည်းငယ် ထည့်ကာ သမအောင်မွှေ၍ ဖျော်ထားပြီး

 

နာရီဝက်ခန့် နှပ်ထားပါ။

 

ပြီးတော့ မုန်လာဥက ကျက်လွယ်တဲ့အတွက် သတ်သတ်စီ မုန့်ကျိုရန် မလိုအပ်ပါ။

 

ပြီးနောက် မုန့်ထည့်မည့် လင်ဗန်းတစ်ချပ်ကို ဆီအနည်းငယ်ဖြင့် သုပ်ထားပါ။

 

နှပ်ထားတာအားလုံးသမအောင် မွှေပြီးပါက မီးဖိုပေါ်တင်၍ မီးအေးအေးနှင့် ပျစ်လာအောင် ကျိုပေးပါ။ မုန့်ကျိုနေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးထားပါ။

 

မုန့်နှစ်ရည်ပျစ်လာပါက သမအောင် ထပ်မွှေပြီးမှ မီးဖိုပေါ်မှ ချလိုက်ပါ။ မုန့်နှစ်ကို ဆီသုတ်ထားတဲ့ လင်ဗန်းထဲသို့ လောင်းထည့်ပြီး အအေးခံပေးပါ။

 

ပြီးနောက် မုန့်နှစ်များအေးလာပါက ရေခဲသေတ္တာထဲမှာ တစ်ညလောက် အအေးခံပြီး လှီးမှသာ မုန့်သားလှီးရတာ အဆင်ပြေစေမှာဖြစ်ပါတယ်။

 

အအေးခံပြီးမှ ရရှိတဲ့ မုန်လာဥမုန့်ကို ဆီပူပူတွင် အနည်းငယ်ကြော်ပေးလိုက်ပါ။ ပြီးမှ ဆယ်ပြီး ဆီစစ်ကာ မိမိနှစ်သက်သလို စိတ်ကြိုက် အချဉ်နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>> ကြက်ဥနဲ့ဆူးပုတ်ရွက်ကြော်

Read times Last modified on Tuesday, 18 September 2018 11:46
Rate this item
(3 votes)