Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မုန့်ဦးနှောက်ပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကျန်းမာရေးနှင့်လည်းညီညွတ်ပြီး ကလေးနှင့် လူကြီးများပါမကျန်

ကြိုက်ကြတဲ့ မုန့်ဦးနှောက်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ အုန်းနို့ဆီချက်၊ သာကူကျိုပျစ်ပျစ်၊ ဆန်မှုန့်ကျိုပျစ်ပျစ် တို့ လိုအပ်ပါတယ်။

အုန်းနို့ဆီချက်အတွက် အသင့်သုံးအုန်းနို့ဗူးကိုသုံးပြီး ဆီချက်ချက်လျှင် ဆီချက်အဖတ်အရနည်းသောကြောင့် အသင့်သုံး ခရင်အုန်းနို့ဗူးကို အသုံးပြုရပါမယ်။

ပြီးနောက် အုန်းနို့ကို အလယ်အလတ်မီးဖြင့် အပူပေးပြီး နာရီဝက်ခန့် မွှေပြီး ကျိုပေးရပါမယ်။ ဆီများထွက်လာလျှင် မီးဖိုပေါ်မှ ချလိုက်ပါ။

သာကူကျိုပျစ်ပျစ်အတွက် သာကူစေ့ကို ၁၅ မိနစ်ခန့်ရေစိမ်ပြီး ရေပြန်စစ်ထားပေးပါ။ ရေစိမ်ပြီး ရေပြန်စစ်ထားသော သာကူ၊ အုန်းနို့၊ သကြားနှင့် ရေကို အလယ်အလတ်မီးဖြင့် အပူပေးပြီး သာကူစေ့ ပျောက်သည်အထိ မွှေပြီး ကျိုပေးပါ။

ဆန်မှုန့်ပျစ်ပျစ်အတွက် ကွမ်းစားထုံးအနည်းငယ်၊ ရေ၊ ဆန်အစိမ်းမှုန့်၊ ဆား တို့ လိုအပ်ပါတယ်။ ရေထဲသို့ ထုံးကို ထည့်ကာ အခဲများမကျန်အောင် ဖျော်ပြီး အနည်းဆုံး ၂ နာရီခန့် အနည်ထိုင်ကာ ထုံးရည်ကြည်ရအောင် လုပ်ပေးရပါမယ်။

အနည်ထိုင်သော ထုံးများမပါအောင် အိုးထဲလောင်းထည့်ထားသည့် ထုံးရည်ကြည်ထဲ ဆန်မှုန့်နှင့် ဆားထည့်ကာ အဖတ်များ လုံးဝမကျန်အောင်ဖျော်ထားပါ။

ဆန်မှုန့်များပျော်သွားလျှင် ကျန်သည့်ရေထည့်ကာ အလယ်အလတ်မီးဖြင့် အပူပေးပြီး မိနစ်အနည်းငယ်ခန့် မွှေကျိုပေးပါ။

အုန်းနို့၊ သကြား၊ သာကူ ရောကျိုထားသော အရည်ပျစ်ပျစ်ကို လောင်းထည့်ကာ မိနစ်အနည်းငယ် ဆက်ကျိုပေးပါ။ ပြီးလျှင် ဆီသုတ်ထားသော ခွက်ထဲ လောင်းထည့်ပါ။

လောင်းထည့်ပြီးနောက် မျက်နှာပြင်ညီအောင်ခွက်ကိုကိုင်၍ အနည်းငယ် လှုပ်ပေးပြီး အအေးခံနိုင်ပါတယ်။

အေးသွားလျှင် ပန်းကန်ပြားတစ်ချပ်ကို ထိုမုန့်ခွက်ပေါ်မှောက်တင်ပြီးနောက် သေသေချာချာကိုင်ပြီး ပြောင်းလှန်ပေးပါ။ ခွက်ဖယ်ပြီးနောက် ဆီသုတ်ထားသော ဓားဖြင့် လှီးကာ အုန်းဆီဆမ်း၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:32
Rate this item
(3 votes)