Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


အုန်းစိမ်းရည်နဲ့ ကြက်စွပ်ပြုတ်

 

ကြက်စွပ်ပြုတ်ကို စားနေကျပုံစံနဲ့မတူဘဲ ပုံစံအဆန်းလေးဖြစ်အောင် အုန်းစိမ်းရည်နဲ့ ပေါင်းထားပြီး အုန်းစိမ်းရဲ့  သင်းပျံ့ တဲ့ မွှေးရနံ့နဲ့ ချို၊

ငန်၊ စိမ့် အရသာရှိတဲ့ ကြက်စွပ်ပြုတ်လေးဖြစ်အောင် လွယ်လင့်တကူ ပြုလုပ်နိုင်ပါတယ်။ အောက်တွင် အုန်းစိမ်း ကြက်စွပ်ပြုတ် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ အုန်းစိမ်း၊ ကြက်သား၊ ချင်း၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ဆား တို့ ပါဝင်ပါမယ်။

 

 

ပထမဦးဆုံး အပြင်အခွံနွှာပြီးသား အုန်းစိမ်းကို ဖွင့်ပြီး အုန်းစိမ်းရည်ကို သွန်ထုတ်ပြီး ပန်းကန်တစ်ချပ်တွင် ထည့်ထားပေးပါ။

 

 

ပြီးလျှင် ကြက်သားကို အနေတော်အတုံးကလေးများဖြစ်အောင် တုံးပြီး ရေဆေးသန့်စင်ပြီးရင်တော့ အရည်ထုတ်ထားသော အုန်းစိမ်းခွက်တွင် ထည့်လိုက်ပါ။

 

 

ပြီးနောက် ကြက်သွန်မြိတ်အရင်းပိုင်းနှင့် ချင်းကို ပါးပါးစိတ်ထည့်လိုက်ပါ။ မုန်လာဥကို အသေးလေးတွေဖြစ်အောင် စိတ်ပြီး ထည့်လိုက်ပါ။

 

 

အားလုံး ထည့်ပြီးပါက ပန်းကန်ဖြင့် ဖယ်ထုတ်ထားသော အုန်းစိမ်းရည်ကို ပြည့်သည်အထိ လောင်းထည့်ပြီး အဖုံးပြန်အုပ်၍ ပန်းကန်လုံးတစ်လုံးပေါ်တွင် တင်ထားပါ။

 

 

ပြီးလျှင် ပေါင်းအိုးထဲ ရေထည့်ပြီး အုန်းစိမ်းထည့်ထားသော ပန်းကန်ကိုထည့်၍ တစ်နာရီကြာအောင် ကြက်သားနူးသည်အထိ ပေါင်းပေးပါ။

 

 

ကြက်သားများ နူးအိသွားပါက အုန်းစိမ်းကြက်ပေါင်းကို ဆားအနည်းငယ်ထည့်ပြီး မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

Read 6081 times Last modified on Tuesday, 18 September 2018 10:05
Rate this item
(3 votes)