Thiland



Miss Universe Organisation ရေသန့်ဘူးတံဆိပ်အသစ် မိတ်ဆက်

Miss Universe Organisation ရေသန့်ဘူးတံဆိပ်အသစ် မိတ်ဆက်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

Miss Universe Organization မှ NØR ဟု အမည်ပေးထားသော သဘာဝ အယ်လ်ကာလီဓာတ် သဘာဝရေတစ်မျိုးကို စတင်ရောင်းချကြောင်း ကြေညာပါသည်။ 

 

ကုမ္ပဏီတန်ဖိုးနှင့် ၀င်ငွေကို မြှင့်တင်ရန် ရည်ရွယ်သည့် အလှမယ်ပြိုင်ပွဲအမှတ်တံဆိပ်အောက်တွင် ရေသန့်ဘူးကို  ထုတ်ကုန်တစ်ခုအဖြစ် ပထမဆုံးရောင်းချခြင်း ဖြစ်သည်။

Miss Universe Organization ၏ လုပ်ငန်းအသစ်ဖြစ်သည့် M*U Beverage မှ ထုတ်လုပ်သော ရေသန့် ဖြစ်ကြောင်း Miss Universe Organisation ကို ပိုင်ဆိုင်သည့် JKN Global Group ၏ စီအီးအို Anne Jakapong Jakrajutatip က ပြောကြားသည်။ နောက်ထပ် ထုတ်ကုန် အမျိူအမည်သစ်များ လာဦးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

 

Miss-Universe-Beverage-Launch-23-i5o86c.jpeg

 

NØR ရေသန့်သည် အိုင်စလန်းမှ သဘာဝရေ ဖြစ်ပြီး အသန့်စင်ဆုံး သဘာဝရေဟု သူမက ပြောကြားသည်။ 

Miss Universe Organization MUO ၏ ကမ္ဘာတစ်လွှားရှိ အမာခံ ပရိသတ်များအတွက် ဖြစ်ကြောင်း၊ လူလတ်တန်းစား အထက်လွှာမှ ကျန်းမာရေး ဂရုစိုက်ကြသူများဖြစ်ကြောင်း သူမက ပြောကြားသည်။

အနံ့အရသာ ၄ မျိုးဖြင့် ကျန်းမာရေး အထောက်အကူပြု အဖျော်ယမကာကိုလည်း ထုတ်လုပ်မည်။

 

“ဒီအလှမယ်အိုလံပစ်ပြိုင်ပွဲကို ဆက်ထိန်းထားနိုင်ဖို့ဆိုရင် အလှမယ်ပြိုင်ပွဲနဲ့ လက်မှတ်ရောင်းချမှုနဲ့တင် ရပ်တည်လို့မရပါဘူး။ တခြားဟာတွေ လုပ်ကိုင်ပြီး ဝင်ငွေရှာဖို့ လိုအပ်ပါတယ်" ဟု သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

MUO ကို P သုံးလုံးဖြင့် ကြီးထွားအောင် လုပ်ကိုင်ဖို့ မဟာဗျူဟာ ချမှတ်ထားကြောင်း သူမက ပြောကြားသည်။

 

 P သုံးလုံး မှာ Pageant, Platform, Product ဖြစ်ပါသည်။

 .

 Miss_Universe_Beverage_Launch_By_Miss_Universe.jpg

(ဝဲ) Anne Jakapong Jakrajutatip နှင့်  (ယာ)Miss Universe 2022 R Bonney Gabriel

 

M*U Beverage သည် ထုတ်ကုန်များကို ထိုင်းနိုင်ငံတွင် ထုပ်ပိုးထုတ်လုပ်မည်။ ၈၀% ကို ပြည်ပသို့ တင်ပို့မည်။ ၂၀% ကို ပြည်တွင်းမှာ ရောင်းချမည်။ တစ်နှစ်လျှင် ဘူး ၉ သန်းအထိ ထုတ်လုပ်နိုင်စွမ်းရှိသည်။

M*U Beverage မှ ရေကို ဩစတေးလျ၊ ဖိလစ်ပိုင်နှင့် ဗြိတိန်တို့ အပါအဝင် ၁၅ နိုင်ငံမှ အမှာစာများ ရရှိထားကြောင်း Anne Jakapong က ပြောကြားသည်။

နိုင်ငံပေါင်း ၁၀၀ အထိ ဖြန့်ချိရန် ရည်မှန်းချက် ထားရှိသည်။

ထိုင်းနိုင်ငံတွင် NØR ကို အောက်တိုဘာလတွင် စတင်ရောင်းချမည်။ နိုင်ငံတကာတွင် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ စတင်ဖြန့်ဖြူးမည်။ ရောင်းဈေးနှုန်းကို မကြေညာသေးပါ။

 

ကမ္ဘာ့ရေဈေးကွက်သည် လက်ရှိတွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၅ ဘီလီယံခန့်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ခန့်မှန်းတန်ဖိုး ကန်ဒေါ်လာ ၁   ထရီလီယံရှိမည်ဖြစ်သည်။

 

ကျန်းမာရေး အထောက်အကူပြု အဖျော်ယမကာ ကဏ္ဍတွင် အရှေ့တောင်အာရှတွင် ဖိလစ်ပိုင် ဈေးကွက်သည် အကြီးမားဆုံးဖြစ်ပြီး အင်ဒိုနီးရှားသည် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ထိုင်းသည် တတိယ အကြီးမားဆုံးဖြစ်သည်။

 

Source nationthailand 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Thursday, 20 July 2023 23:35
Rate this item
(0 votes)