Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးထမင်းဘူးအတွက် ကြက်သားနာနတ်သီးအချိုချက်

 

ကျောင်းဖွင့်ချိန်ရောက်ပြီဆိုတော့ကာ မိဘများက ကိုယ့်ကလေးထမင်းဘူးကို ဘာချက်ရရင်ကောင်းမလဲလို့ စဉ်းစားနေသူများအတွက် အိမ်တွင် လွယ်လင့်တကူ

ချက်ပြုတ်နိုင်ပြီး ကလေးများလည်း အကြိုက်တွေ့စေမည့် ကြက်သားနာနတ်သီးအချိုချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ နာနတ်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ သကြား၊ မုန်လာဥနီ၊ ဆား၊ ဆီ၊ ကော်မှုန့်၊ လိမ္မော်ရည် တို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ကြက်သားကို ရေစင်သန့်စင်ပြီး အတုံးကလေးများဖြစ်အောင်လှီးဖြတ်ထားပါ။ ပြီးလျင် ကော်မှုန့်ဖြင့် နယ်ထားပါ။

 

 

ပြီးနောက် ဒယ်အိုးထဲဆီထည့်အပူပေးပြီး ဆီပူလာလျင် ကြက်သားကို မိနစ်အနည်းခန့် ကြော်ပေးထားပါ။

 

 

ပြီးနောက် အသီးအနှံများကို ရေဆေးသန့်စင်ပြီး လှီးဖြတ်ထားပါ။

 

 

ပြီးရင်တော့ ဆီအနည်းငယ်နှင့် အသီးအနှံတို့ကို ဆီသတ်ပေးပါ။

 

 

ပြီးနောက် လိမ္မော်ရည်ကို ထည့်လိုက်ပါ။ ကော်မှုန့်ကိုလည်း အရည်ဖျော်ထည့်ပေးပါ။

 

 

ပြီးလျင် ကြက်သားများကို ပြန်ထည့်၍ ကြော်လိုက်ပါ။

 

 

အရသာအတွက် ဆားနှင့် သကြားထည့်ပြီးဆိုရင်တော့ အရသာအလွန်ရှိပြီး ကလေးများ အကြိုက်တွေ့စေမည့် ကြက်သားနာနတ်သီးအချိုချက်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:20
Rate this item
(1 Vote)