Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံ သကြားအချိုရည် ထုတ်လုပ်သူများ အခွန်သက်သာခွင့် ၆ လ ထပ်မံ ရရှိ

ထိုင်းနိုင်ငံ သကြားအချိုရည် ထုတ်လုပ်သူများ  အခွန်သက်သာခွင့် ၆ လ ထပ်မံ ရရှိ

ထိုင်းအစိုးရက သကြားအခြေခံ အချိုရည်အခွန်  နောက်ထပ်  တိုးမြှင့်ကောက်ခံမှုကို ၆ လ ထပ်မံ နောက်ဆုတ်ပေးလိုက်ပါတယ်။ အချိုရည်ဖျော်စပ်ပုံ ချိန်ညှိဖို့အတွက် လုပ်ငန်းရှင်များ အချိန်ပိုမို ရရှိစေဖို့အတွက် ဖြစ်ပါတယ်။

 

Queen Empire

 

ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့တွင် သကြားအခြေခံ အချိုဓာတ်အခွန် တိုးမြှင့်ကောက်ခံမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အစား ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့သို့  ရွှေ့ဆိုင်း‌ပေးရန် သဘောတူညီခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Arkhom Termpittayapaisith က  ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သကြားပါသောအချိုရည်များ၊ စီးကရက်၊ အရက်ယမကာများနှင့် ပြည်ပမှ တင်သွင်းသောဝိုင်များအတွက် အခွန်စည်းကြပ်မှုပုံစံအသစ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှစတင် ကျင့်သုံးခဲ့ပါတယ်။

 

အခွန်ပိုမို ပေးဆောင်ရမှာအတွက်လုပ်ငန်းရှင်များ အချိန်ယူပြင်ဆင်နိုင်ကြဖို့ သကြားအခြေခံအချိုရည်များကို အဆင့်လေးဆင့်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တဖြည်းဖြည်းတိုးမြှင့်ကောက်ခံသွားဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ 

 

  • ပထမအဆင့် ၂၀၁၇ စက်တင်ဘာလ ၁၆ မှ ၂၀၁၉ စက်တင်ဘာလ ၃၀

  • ဒုတိယအဆင့် ၂၀၁၉ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၁ စက်တင်ဘာလ ၃၀

  • တတိယအဆင့် ၂၀၂၁ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၃ စက်တင်ဘာလ ၃၀

  • နောက်ဆုံးအဆင့်ဖြစ်တဲ့ စတုတ္ထအဆင့် အောက်တိုဘာလ ၁ ရက်မှ စတင်ပါတယ်။ 

 

ကိုဗစ်ကာလ ၂၀၂၁ မေလ မှာ အစိုးရက တတိယအဆင့် စတင်တိုးမြှင့်မယ့်ရက်ကို ၁ နှစ် နောက်ဆုတ်ပေးခဲ့ပါတယ်။ ၂၀၂၁ အောက်တိုဘာလ ၁ ရက်အစား ၂၀၂၂ အောက်တိုဘာလ ၁ ရက်လို့ သတ်မှတ်ပေးခဲ့ပါတယ်။ 

ယခုအခါ ၂၀၂၂ အောက်တိုဘာလ ၁ ရက်အစား ၆ လ ထပ်တိုးပေးပြီး ၂၀၂၂ မတ်လ ၁ ရက်သို့ နောက်ဆုတ်ပေးပါတယ်။

 

သကြားပါသောအချိုရည်များကို အခွန်စည်းကြပ်ပုံမှာ သကြားများများ ပါရင် အခွန်ပိုများများ စည်းကြပ်ပြီး အများဆုံး ၂၀% ထက် မပိုရလို့ သတ်မှတ်ထားပါတယ်။

အချိုရည် 100 millilitres မှာ သကြားပါဝင်မှု ဂရမ်အလေးချိန် 6g အောက်၊ 6-8g, 8-10g, 10-14g, 14-18g, 18g အထက် ရေချိန် ၆ မျိုး ပိုင်းခြားသတ်မှတ်ပြီး အခွန်စည်းကြပ်ပါတယ်။

 

sweet_drink_2.jpg

 

 

ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးမှုကို လျှော့ချရန်နှင့် အထူးသဖြင့် ကျန်းမာရေးနှင့် ပတ်သက်လို့ ထိုင်းလူမျိုးများ လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရေး မဟာဗျူဟာအရ သကြားပါဝင်မှုအရ အခွန်စည်းကြပ်တာ ဖြစ်ပါတယ်။

Source Bangkokpost

#MyanmarFoodIndustryGuide 

To join Telegram Channel https://t.me/Guid4U

 

 


Read times Last modified on Tuesday, 27 September 2022 10:55
Rate this item
(0 votes)