Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကြက်တောင်ပံ အစာသွပ်ကြော်

ကြက်တောင်ပံကို အရိုးထုတ်ပြီး ၀က်သား အစာသွပ်ကာ ကြော်ထားတဲ့ ထိုင်းစတိုင် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်တောင်ပံ၊ ၀က်သား၊ ခရုဆီ၊ နံနံပင်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ထိုင်းငရုတ်သီးဆော့၊ ခရမ်းချဉ်သီးဆော့၊ သကြားတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်တောင်ပံကို ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။

 

ပြီးနောက် ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။ ပြီးရင်တော့ လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားအောင်လုပ်ထားပါ။

 

ပြီးလျှင် အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်ပါ။ အရိုးထုတ်ပြီးသား ကြက်တောင်ပံရပြီဆိုရင်တော့ ဆား၊ ကြက်သားမှုန့်၊ ခရုဆီ တို့ဖြင့် ရောနယ်ထားပါ။

 

ပြီးနောက် ခွက်တစ်ခုထဲတွင် ၀က်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အားလုံးကို ရောနုယ်လိုက်ပါ။

 

ပြီးလျှင် အရိုးထုတ်ထားသော ကြက်တောင်ပံထဲသို့ နယ်ထားသော ၀က်သားများကို အစာသွပ်ပေးထားပါ။

 

ပြီးနောက် ဒယ်အိုးတစ်ခုထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ကြက်တောင်ပံများကို အညှိရောင်သန်းသည်အထိ မီးအနည်းငယ်ဖြင့် ကြော်ပေးထားပါ။

 

ကြက်တောင်ပံရပြီဆိုရင်တော့ ဆော့အတွက် ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။

 

ရပြီဆိုရင်တော့ ကြက်တောင်ပံကြော်များကို ဆော့စ်ရည်ဖြင့် တွဲဖက်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:02
Rate this item
(1 Vote)