Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင် ဆန်ပြားခေါက်ဆွဲကြော်

ပုစွန်ကိုအသုံးပြုပြီး လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ယိုးဒယားဆန်ပြားခေါက်ဆွဲကြော်ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ ဆန်ခေါက်ဆွဲအပြား၊ ကိုက်လံ၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ ငါးငံပြာရည်၊ ခရုဆီ၊ ကြက်ဥ၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြက်ဥကို ထည့်ပြီးကြော်လိုက်ပါ။  ပြီးလျှင် ကိုက်လံကို ထည့်ကြော်လိုက်ပါ။

 

Read More >>>>>  ထိုင်းစတိုင် ပုစွန် ဘေကွန်မြေအိုးဟင်းလျာ

 

ပြီးနောက် ဆန်ပြားခေါက်ဆွဲများကို ထည့်မွှေပါ။

 

ပြီးရင်တော့ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ငါးငံပြာရည်နှင့် ခရုဆီကို ထည့်မွှေပေးပါ။

 

ပြီးနောက် ပုစွန်များကိုထည့်၍ ကြော်လိုက်ပါ။

 

ပြီးရင်တော့ အရမ်းအရသာရှိတဲ့ ယိုးဒယားဆန်ပြားခေါက်ဆွဲကြော်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 07 March 2019 17:13
Rate this item
(1 Vote)