Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကြက်ကြွပ် ချဉ်စပ်မွှေး

ကြက်သားကို ချက်စား၊ ပြုတ်စားရတာ ရိုးအီသွားသူများအတွက် ကြက်သားကို ကြွပ်ကြွပ်လေးကြော်နဲ့

ချဉ်စပ် အရသာလေးနှင့် စားမြိန်အောင် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သကြား၊ တန်ပူရာမှုန့်၊ ငရုတ်ချိုသီး၊ ငံပြာရည်၊ ခရမ်းချဉ်သီး၊ ဆီမွှေး၊ ဆီတို့ လိုအပ်ပါမယ်။  

 

ပထမဆုံး ကြက်သားကို အတုံးခပ်သေးသေးတုံးပြီး ရေဖြင့် သန့်စင်အောင် ဆေးကြောထားပါ။ ပြီးလျှင် ဆေးကြောသန့်စင်ထားသော ကြက်သားကို တန်ပူရာမှုန့်ဖြင့် နယ်ထားပါ။

 

ပြီးလျှင် မီးဖိုပေါ်ကို ဒယ်အိုးတင် ဆီထည့်၍ မီးအပူပေးပေးပြီး ဆီပူလာလျှင် ကြက်သားကို ထည့်လိုက်ပါ။

 

မိနစ်အနည်းငယ်ကြာလျှင် ကြက်သားကို ပြန်ဆယ်ပေးထားပါ။

 

ပြီးနောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့နှင့် ဆီသတ်ပေးပါ။

 

ပြီးလျှင် ရေအနည်းငယ်နှင့်အတူ Sauce နှင့် ဟင်းခတ်ပစ္စည်းများကို ထည့်၍ မွှေပေးပါ။

 

နောက်ဆုံးမှ ကြော်ထားသော ကြက်သားများထည့်ပြီး မွှေလိုက်ပါက အလွန်အရသာရှိတဲ့ ထိုင်းစတိုင် ကြက်ကြွပ် ချဉ်စပ်မွှေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:34
Rate this item
(3 votes)