Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ မိုးမျှော်ငရုတ်သီးများ ထိုင်းဈေးကွက်တွင်ဝယ်လိုအားမြင့်မားနေ

 မြန်မာ့ မိုးမျှော်ငရုတ်သီးများ ထိုင်းဈေးကွက်တွင်ဝယ်လိုအားမြင့်မားနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

လက်ရှိ မြန်မာ့မိုးမျှော်ငရုတ်သီး၏ ပေါက်ဈေးအနေဖြင့် 1 Kg လျှင် (၂၈) ဘတ် ရရှိပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် တစ်ဖက်နိုင်ငံသို့ တစ်နေ့လျှင် Kg (800) မှ Kg (1200) ထိ တင်ပို့နေရ ကြောင်းတွေ့ရှိရပါသည်။ 

တနင်္သာရီဒေသကြီး မောတောင်ဒေသထွက် ငရုတ်သီးများအား တစ်ဖက်နိုင်ငံမှ (၁၂) လရာသီ တစ်နှစ်ပတ်လုံး ဝယ်ယူလျက်ရှိနေသဖြင့် ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်စိုက်ခင်း များအား တိုးချဲ့စိုက်ပျိုးတိုးမြှင့်တင်ပို့သင့်ပါသည်။

.

 မြန်မာနိုင်ငံမှထွက်ရှိသည့် ငရုတ်အမျိုးမျိုးအား အိမ်နီးချင်းနိုင်ငံများသို့ ခေတ်အဆက်ဆက်တွင် အများအပြားတင်ပို့ခဲ့ကြရာ ငရုတ်သီးအမျိုးမျိုးအနက် တနင်္သာရီတိုင်း မောတောင်ဒေသထွက် မိုးမျှော်ငရုတ်သီး (Hot Chilli) အမျိုးအစားငရုတ်မှာလဲ နာမည်ကျော်ကြားပြီး လူကြိုက်များသည့် အမယ်တစ်ခုဖြစ်ပါ သည်။ မောတောင်ဒေသသည် ပင်လယ်နှစ်ခုအကြားတွင် တည်ရှိသည့်အတွက် မိုးများပြီး ပူနွေးစိုစွတ် သည့်ရာသီဥတုဖြစ်သဖြင့် ငရုတ်စိုက်ပျိုးရန် အကောင်းဆုံးဒေသတွင် တစ်ခုပါဝင်ပါသည်။ ထိုင်းလူမျိုးများ ၏ ရိုးရာအစားအစာအများစုသည် အစပ်ပါဝင်သည့် အစားအစာများဖြစ်ပြီး ရိုးရာပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲ များတွင် ရိုးရာအစားအစာများကို အများဆုံးစားသုံးကြသဖြင့် ငရုတ်သီးမှာ မပါမဖြစ်အမယ်တစ်ခုဖြစ်လာ ပါသည်။

.

ထိုင်းရိုးရာအစားအစာအမျိုးမျိုးကို ပြည်တွင်းစားသုံးသူများသာမက လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားများပါ နှစ်သက်စွာစားသုံးကြသဖြင့် ငရုတ်သီး၏ ဈေးကွက်လိုအပ်ချက်မှာ မြင့်မားနေကြောင်း တွေ့ရှိရပါသည်။

Source Commerce

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 18 November 2022 17:47
Rate this item
(3 votes)