Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် Mozzarella Cheese အသားချောင်း

ကျောင်းပိတ်ရက်မှာ ကလေးများအကြိုက်တွေ့ပြီး  ဆိုင်တွင်လည်းသွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ Mozzarella Cheese  ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ချိစ်၊  ကြက်သား၊ ကြက်ဥ၊ ဂျုံ၊ ပေါင်မုန့်ခြောက်မှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီ၊ ငရုတ်ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြိတ်ထားတဲ့ကြက်သားထဲကို ဆား၊ ငရုတ်ကောင်းမှုန့်၊  ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ငရုတ်သီးမှုန့်၊  ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး နှံ့အောင်မွှေပေးထားပါ။ ချိစ်ကို အတုံးကြီးကြီး ရှည်ရှည်လေးလှီးထားပေးပါ။ ကြက်ဥကိုခလောက်ပြီး မွှေပေးထားပါ။

 

ပြီးနောက် ကြက်သားမှုန့်ထည့်ပြီး နှပ်ထားတဲ့ကြက်သားကို အတော်သင့်ယူ၍ လှီးထားတဲ့ ချိစ်ကိုထည့်ပြီး အချောင်းရှည်ရှည်လုပ်ပေး ပါ။ အားလုံးလုပ်ပြီးပါက ချိစ်အသားချောင်းကို ဂျုံမှုန့်နဲ့ကပ်ပေးပါ။ ဂျုံမှုန့်ကပ်ပြီးရင် ကြက်ဥအနှစ်ထဲကို နှစ်ပေးပါ။ ကြက်ဥအနှစ်နှစ်ပြီးသားကိုမှ ပေါင်မုန့်ခြောက်အမှုန့်ကို ကပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီကြာ အအေးခံပေးထားပါ။

 

ပြီးရင်တော့ မီးဖိုပေါ်ကို ဆီများများထည့်ထားတဲ့ ဆီအိုးကိုတင်ပြီး ဆီပူလာအောင်ထားပေးပါ။ ဆီပူလာပြီဆိုရင်တော့ တစ်နာရီကြာထားထားတဲ့ ချိစ်အသားချောင်းကို ထည့်ပြီး ကြော်ပေးပါ။

 

ချိစ်အသားချောင်းများ ရွှေညိုရောင်သမ်းလာပြီဆိုရင်တော့ ဆယ်ပြီး အချဉ်ရည် နဲ့ တွဲဖက်စားသုံးလိုက်ရင် ကလေးများအကြိုက်တွေ့စေပြီး အရသာရှိတဲ့ ချိစ်အသားချောင်းကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Thursday, 27 December 2018 09:33
Rate this item
(2 votes)