Thiland



ထိုင်းဒူရင်း တရုတ်ပြည်သို့ တင်ပို့မှု ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်တက်

ထိုင်းဒူရင်း တရုတ်ပြည်သို့ တင်ပို့မှု ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ခုနှစ်တွင် ထိုင်းဒူရင်းသီးများ တရုတ်နိုင်ငံသို့ တင်ပို့သည့် စုစုပေါင်း တန်ဖိုး ပမာဏသည် ၂၀၂၂ ခုနှစ်ထက် ၈၁.၇% ပိုများခဲ့ပြီး ဘတ် သန်း ၉၀ ဖိုး တင်ပို့ခဲ့ရာ စံချိန်သစ်တင်ခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဌာနမှ ပြောကြားပါသည်။ 

 

၂၀၂၃ ခုနှစ်တွင် ထိုင်းဒူရင်းသီး ပြည်ပတင်ပို့မှု တန်ဖိုး စုစုပေါင်း၏ ၇၀% ကို တရုတ်ပြည်သို့ တင်ပို့ခဲ့ပါသည်။ 

 

တရုတ်နိုင်ငံတွင် ဒူရင်းသီး ပိုမို ရေပန်းစားနေပြီး စားသုံးမှု မြင့်တက်နေသည့်အတွက်ကြောင့် ထိုင်းဒူရင်းစီးများ ပိုမိုတင်ပို့နိင်ခဲ့သည်ဟု ၎င်းဌာနမှ ပြောကြားပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဒူရင်းသီး တင်သွင်းမှုအပေါ် ကန့်သတ်မှုများ ဖြေလျော့ပေးခဲ့ခြင်းကြောင်းလည်း ထိုင်းဒူရင်းများ တရုတ်ပြည်သို့ ပိုမိုတင်ပို့နိုင်စေခဲ့သည်ဟု ၎င်းဌာနက ပြောကြားသည်။ 

ထိုင်းဒူရင်းသီးများသည် အရည်အသွေးမြင့်သည့် ဒူရင်းသီးအဖြစ် တရုတ်ပြည်တွင် နာမည်ကြီး နေသဖြင့် ထိုင်းဒူးရင်းကို တရုတ်စားသုံးသူများက ပရီမီယံဈေးနှုန်းများ  ပေးပြီး ဝယ်ယူဖို့ စိတ်အားထက်သန်ကြပါသည်။ 

 

ထိုင်းနိုင်ငံ၏ ဒူးရင်းဝယ်လိုအားသည် တရုတ်နိုင်ငံတွင် ဆက်လက်အားကောင်းနေမည်ဟု မျှော်လင့်ရသည်။

 

တရုတ်နိုင်ငံသည် ဒူရင်းသီး ကမ္ဘာ့အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်ပါသည်။ 

 

ထိုင်းနိုင်ငံသည် ဒူရင်းသီး ကမ္ဘာ့အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်ပါသည်။

 

Source thenationthailand


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)