Thiland



ထိုင်းသကြား အထွက်နည်းမည်

ထိုင်းသကြား အထွက်နည်းမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ပြင်းထန်သောမိုးခေါင်မှုကြောင့် ထိုင်းသကြားအထွက်နှုန်းသည် လာမည့်ရိတ်သိမ်းချိန်တွင် ငါးပုံတစ်ပုံနီးပါး ကျဆင်းသွားမည်ဖြစ်ကြောင်း Thai Sugar Millers Corp မှ ပြောကြားသည်။

 

ထုတ်လုပ်မှုသည် ၂၀၂၃-၂၄ ရာသီတွင် တန်ချိန် ၉ သန်းဝန်းကျင် ရရှိမည်ဖြစ်သည်ဟု Thai Sugar Millers Corp မှ  ဒါရိုက်တာ Rangsit Hiangrat က ပြောကြားသည်။ ယခင်နှစ်ထက် ၁၈% လျော့နည်းမည် ဖြစ်သည်။

 

“အချို့လယ်သမားတွေက အပူဒဏ်ကို ပိုခံနိုင်တဲ့  ပီလောပီနံကို ပြောင်းစိုက်ကြလိမ့်မယ်" ဟု Mr Rangsit က ပြောသည်။

 

“ဒီလိုမျိုး မိုးခေါင်တာမျိုးကို ဘယ်သီးနှံမှ ကောင်းကောင်းကြီး ဖြစ်ထွန်းမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ကြံ၊ ပလောပီနံ၊ ဆန် အားလုံး ထိခိုက်မှာပဲ" ဟု Mr Rangsit က ပြောကြားသည်။ 

 

 ထိုင်းနိုင်ငံသည် ကမ္ဘာ့ဒုတိယအများဆုံး သကြားတင်ပို့သည့်နိုင်ငံ ဖြစ်သည်။

 ထိုင်းသကြား တင်ပို့မှု လျော့ကျလျှင် ကမ္ဘာ့သကြားဈေးကွက်တွင် သကြားဈေး မြင့်တက်ဖွယ် ရှိသည်။

 

ကမ္ဘာ့အကြီးဆုံး ကုန်စည်ရောင်းဝယ်သူ Alvean က နောက်ထပ်တစ်နှစ် သကြားပြတ်လပ်ဦးမည်ဟု ခန့်မှန်းပြီးနောက် ယခုသီတင်းပတ်တွင် သကြားစျေးနှုန်းများ မြင့်တက်လာခဲ့သည်။

 

ထိုင်းနိုင်ငံသည် ယခုနှစ်တွင် သကြား တန် ၈ သန်း တင်ပို့မည်ဖြစ်ပြီး နောက်နှစ်တွင် တန် ၆ သန်း တင်ပို့မည်ဟု ခန့်မှန်းထားသည်။

 

ယခုကြံရာသီတွင် ကြံတန် ၉၃?၉ သန်း ရရှိပြီး ၂၀၂၃-၂၄ တွင် တန် ၈၂ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။ 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 07 September 2023 23:23
Rate this item
(0 votes)