Thiland



ထိုင်းမှာ ကြက်ဥ စံချိန်တင် မကြုံစဖူး ဈေးတက်

ထိုင်းမှာ ကြက်ဥ စံချိန်တင် မကြုံစဖူး ဈေးတက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကြက်ဥဆိုင်ပိုင်ရှင် အသက် ၆၅နှစ်ရှိသူ Wanchai Rungmitcharatsaeng က သူသည် ကြက်ဥ ရောင်းချခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ် ကျော်ပြီ။ ယနေ့ကြက်ဥဈေးသည် သူ ကြုံတွေ့ဖူးသမျှ အမြင့်ဆုံးဖြစ်သည်ဟု ပြောသည်။

.

ကြက်ခြံများတွင် အုနှုန်းကျသည့် ကြက်များကို ကြက်မဒမ်းများနှင့်  အစားထိုးနေကြသဖြင့် လောလောဆယ် ကြက်ဥ အထွက်နည်းပြီး ကြက်ဉ ပြတ်လပ်ကာ ဈေးတက်သွားသည်ဟု အချို့သော ကြက်ဉကုန်သည်များက ဆိုသည်။

အချို့ကြက်ဥကုန်သည်တို့က ပြည်ပသို့ တင်ပို့နေသောကြောင့် ကြက်ဥများ ဈေးမြင့်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

.

ထိုင်းကြက်ဥဈေးကွက်တွင် ကြက်ဥများကို အရွယ်အစား အကြီးအသေးအရ နံပါတ်တပ်ပြီး ရည်ညွှန်းပြောဆိုကြသည်။ နံပါတ် သုည No. 0 ကြက်ဥများသည် အရွယ်အစား အကြီးဆုံးဖြစ်သည်။ နံပါတ် ၁ No. 1 သည် နံပါတ် သုညထက်ငယ်ပြီး နံပါတ် ၂ No. 2 ထက်ကြီးသည်။ ထိုအတိုင်း နံပါတ်စဉ် ထိုးသွားသည်။ နံပါတ်ကြီးလေလေ ကြက်ဥ အရွယ်အစား ငယ်လေလေ ဖြစ်သည်။ 

ကြက်ဥဈေးမြင့်သဖြင့် No 0 ကြက်ဥများကို ဆိုင်အများစုက ဆိုင်မှာ မတင်ကြတော့ချေ။ မရောင်းရလျှင် ကြက်ဉသည် ပုပ်သိုးကုန်စည် ဖြစ်သဖြင့်ရက်ကြာကြာ အထားမခံချေ။ ဈေးကြီးသဖြင့် ဝယ်သူနည်းပါးနေသဖြင့် No 0 ကြက်ဥများကို မရောင်းကြတော့ချေ။ အရွယ်ငယ်သည့် ကြက်ဥများကိုသာ ရောင်းချကြသည်ဟု ၎င်းက ပြောကြားသည်။

.

No 0 ကြက်ဥများသည် ယခုအခါ အလုံး ၃၀ ပါ တကတ်လျှင် ၁၄၅ ဘတ် ပေါက်ဈေး ဖြစ်နေသည်။ တစ်လုံးချင်း ဝယ်လျှင် တစ်လုံး ၆ ဘတ် ပေးရသည်။ ယခင်က တကတ်လျှင် ဘတ် ၁၄၀ အောက်တွင်သာ ပေါက်ဈေးရှိသည်ဟု ၎င်းက ပြောကြားသည်။

.

No 0 ကြက်ဥ အရွယ်ငယ်သည့် No 1 ကြက်ဉများ လက်ကားဈေးနှုန်းမှာ တကတ်လျှင် ၁၃၅ ဘတ် ပေါက်ဈေး ရှိသည်။ လက်လီဝယ်ပါက တစ်လုံး ၄ ဒသမ ၅ ဘတ် ပေးရသည်။ 

“ဆိုင်ကို ဥတွေ ပေးနေတဲ့ ခြံတွေက အခုဆို ကြက်မ အရင့်တွေကို ငယ်တဲ့ အကောင်တွေနဲ့ အစားထိုးနေလို့ ထွက်နှုန်း နည်းနေတယ်လို့ ပြောတယ်။ ပြည်ပပို့ကုန် ကြက်ဥကလည်း ဝယ်လိုအားက အရမ်းများနေတယ်လို့ ပြောကြတယ်" ဟု ၎င်းက ပြောကြားသည်။

 

ထိုင်းကြက်ဥ ရောင်းဝယ်ရေးအသင်း Thai Egg Merchant Trade Association ဥက္ကဋ္ဌ Suthasin Amaruek က No 3, 4 , 5 ကြက်ဥများသည် အရွယ်အစား ငယ်သဖြင့် ပြည်ပသို့ တင်ပို့ခြင်း မပြုချေ။ သို့သော် ၎င်းကြက်ဥများ၏ ဈေးနှုန်းများသည် ပြီးခဲ့သည့် နှစ်လ သုံးလအတွင်း ဈေးမြင့်တက်ခဲ့သည်ဟု ပြောကြားပါသည်။

.

ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကြက်ဥဈေးနှုန်းများ အကြိမ်ကြိမ် တက်ခဲ့သည်။ တစ်ခါတက်လျှင် တစ်ကတ်ကို ၂-၆ ဘတ် တက်ခဲ့ပါသည်။

Source Bangkokpost

Read times Last modified on Tuesday, 13 June 2023 13:54
Rate this item
(0 votes)