Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ကြက်သားမှိုဟင်းချို

ယိုးဒယားဟင်းထဲက အနံ့အရသာနဲ့ပြည့်စုံတဲ့ ကြက်သားမှိုဟင်းချိုလေး ဖြစ်ပါတယ်။ ထမင်းနဲ့တွဲဖက်တည်ခင်းနိုင်သလို သီးသန့်လည်း အဆာပြေအဖြစ် သုံးဆောင်နိုင်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြာဆံ၊ ကြက်သား၊ ကြက်သွန်နီ၊ ရှီတာခီမှို၊ ကြက်သွန်မြိတ်၊ ယိုးဒယားငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်၊ ကြက်ပြုတ်ရည်၊ နှမ်းဆီမွှေး၊ ငရုတ်ကောင်းတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြာဆံကို ရေစိမ်ထားပါ။ ရှီတာခီမှို အစိုမရှိပါက အခြောက်ကို ရေစိမ်ထားပါ။ ပွလာပါက ခပ်စောင်းစောင်း ပါးပါးလှီးထားပါ။ ကြက်သားကို ပါးပါးလှီးထားပါ။

 

ကြက်သွန်ကို အမြှောင်းကြီးလှီးပြီး ခြွေထားပါ။ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။

 

ပြီးနောက် အားလုံးအသင့်ဖြစ်ပါက အိုးတစ်အိုးထဲ ကြက်ပြုတ်ရည်ထည့်ပါ။ ကြာဆံ၊ ကြက်သား၊ မှိုတို့ကိုထည့်ပြီး ဆူပွက်အောင် တည်ပါ။

 

ပြီးလျှင် အရသာအတွက် ယိုးဒယားငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်နှင့် သကြားတို့ကို ထည့်ပါ။

 

ပြီးနောက် ကြာဆံမှိုနူးအိပါက အရသာအပေါ့အငန်မြည်းပြီး ငရုတ်ကောင်း၊ ခရုဆီနှင့် ကြက်သွန်မြိတ်တို့ကိုထည့်၍ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)