Thiland



ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်းအခြေအနေများ

ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်းအခြေအနေများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> ယခင်သီတင်းပတ်တွင် တစ်တန် ခေါ်ဈေး  $425-$457 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $452-$460 သို့ မြင့်တက်သည်။

ထိုင်းဆန်ကို အာရှနိုင်ငံများ အဝယ်လိုက်နေပြီး အာဖရိကနိုင်ငံများက အိန္ဒိယဆန်ကို စိတ်ဝင်စားကြသည်။

ဆန်ထပ်ရဖို့ ခက်ခဲလာနိုင်သည်ဟု ယူဆကြသဖြင့် ပြည်ပတင်ပို့သူများက ဆန်များ ဝယ်လှောင်နေကြသည်။ 

.

၅% ဆန်ကွဲပါ အိန္ဒိယဆန် <RI-INBKN5-P1> ပေါင်းဆန်အမျိုးအစား ယခင်သီတင်းပတ်တွင် တစ်တန် ခေါ်ဈေး $373-$378 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $374-$380 သို့ မြင့်တက်သည်။ ဝယ်လိုအား အနည်းငယ် မြင့်တက်သည်။

ပုံမှန်အားဖြင့် အိန္ဒိယဆန်သည် နှစ်ကုန်ချိန် ဒီဇင်ဘာ ဒုတိယလဝက်တွင် အရောင်းအဝယ် မရှိသလောက် နည်းပါးလေ့ရှိသည်။ ယခုနှစ်တွင်လအိန္ဒိယဆန်သည် အခြားဆန်တင်ပို့သည့် နိုင်ငံများထက် ဈေးသက်သာသဖြင့် အချို့ကုန်သည်များ ဝယ်လက် ရရှိခဲ့ကြသည်။

ကျူးဘားသည် အိန္ဒိယဆန်ကို ခါတိုင်းထက် ပိုမိုဝယ်ယူသည်။ လောလောဆယ်တွင် ကာက‌ီနာဒါဆိပ်ကမ်းတွင် ကျူးဘားသို့ တင်ပို့မည့် ဆန်တန်ချိန် ၂၈,၁၅၀ သင်္ဘောတင်နေသည်။

ဘင်္ဂလားဒေ့ရှ်ကလည်း အိန္ဒိယဆန်ကို အစိုးရချင်း အရောင်းအဝယ်လုပ်ရန် ဆွေးနွေးနေပြီး တန်ချိန် ၂ သိန်း ဝယ်ယူမည်ဖြစ်သည်။

.

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား တစ်တန် $448-$453 ဖြင့် ယခုသီတင်းပတ်တွင် ယခင်သီတင်းပတ်အတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိပါ။ ယင်းဈေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။ 

ဗီယက်နမ်ဆန် ဝယ်လိုအား ပုံမှန်ဆက်ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံက အများဆုံး ဝယ်ယူသည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 24 December 2022 08:36
Rate this item
(0 votes)