Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကြက်ကင်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လုပ်စားနိုင်တဲ့ ထိုင်းစတိုင် ကြက်ကင်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ပျားရည်၊ သကြား၊ ယိုးဒယားငံပြာရည်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဟင်းချက်ဆန်ဝိုင်၊ သံပရာရည်နှင့် ချင်းတို့လိုအပ်ပါမယ်။



ပထမဆုံး ကြက်သားကို ရေဆေးသန့် စင်ပြီး အတုံးကလေးဖြစ်အောင် တုံးထားပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ချင်းနှင့် စပါးလင်ကို ညက်နေအောင်ထောင်းထားပါ။

 


ပြီးနောက် ကြက်သားကို ထောင်းထားသော ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ပျားရည်၊ သကြား၊ ယိုးဒယားငံပြာရည်၊ ငရုတ်ကောင်း၊ ဟင်းချက်ဆန်ဝိုင်၊ သံပုရာရည်ဖြင့် နယ်၍ အနည်းဆုံး လေးနာရီခန့် နှပ်ထားပါ။

 


၎င်းနောက် နှပ်ပြီးသား ကြက်သားများကို မီးပြင်းပြင်းဖြင့် နှစ်ဖက်စလုံးကျက်အောင်ကင်ရပါမယ်။

 

ကင်ပြီး အနံ့ မွှေးလာပြီဆိုရင်တော့ အလွန်အရသာရှိတဲ့ ထိုင်းကြက်ကင်ကို အချဉ်ရည်နှင့် တွဲဖက် သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:46
Rate this item
(1 Vote)