Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ပုစွန်ကော်ပြန့်လိပ်ကြော် ကြော်နည်း

မနက်စာ သို့မဟုတ် နေ့လည်စာအတွက် အဆာပြေလုပ်စားနိုင်ပြီး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ထိုင်းစတိုင် ပုစွန်ကော်ပြန့်လိပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 


ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ ကော်ပြန့်ရွက်၊ ကြက်သွန်ဖြူ၊ ချင်း၊ နှမ်းဆီ၊ ပဲငံပြာရည်အကြည်၊ သကြား၊ ကော်မှုန့်၊ ဆော့စ်အချို၊ ကော်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပုစွန်ကို တဖြောင့်တည်းဖြစ်အောင် အောက်နားကို ဓားဖြင့် အနည်းငယ် မွှန်းပေးပါ။

 

ပြီးနောက် ပုစွန်ကို ကြက်သွန်ဖြူ၊ ချင်း၊ နှမ်းဆီ၊ ပဲငံပြာရည်၊ သကြား၊ ကော်မှုန့် တို့ဖြင့် သမအောင် ရောနယ်ပေးထားပါ။

 

ပြီးလျှင် ကော်ပြန့်ရွက်ပေါ် ပုစွန်တင်ပြီး လိပ်ပေးပါ။ ပြီးရင်တော့ အပေါ်က တြိဂံထောင့်ကို ကော်ရည်သုတ်ပြီး ခေါက်၍ အစွန်းထိ ဆက်လိပ်သွားပါ။

 

ပြီးနောက် ကြော်တဲ့အခါ ကော်ပြန့်လိပ်မပြေအောင် ကော်ပြန့်လိပ် ထောင့်စွန်းကို ကော်ရည်သုတ်ပေးပါ။

 

ပြီးလျှင် ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီပူလာလျှင် မီးအတင့်အသင့်ဖြင့် ကော်ပြန့်များကို ရွှေညိုရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။

 

နောက်ဆုံးတွင်တော့ အရသာရှိတဲ့ ပုစွန်ကော်ပြန့်လိပ်ကြော်များကို ဆော့စ်အချိုဖြင့်  တွဲဖက်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 28 January 2019 14:13
Rate this item
(1 Vote)