Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ပုစွန်ထုပ် ပဲကြာဆံပေါင်း

ထိုင်းအစားအစာများနှစ်သက်သူများ သို့မဟုတ် ပုစွန်ထုပ်ကြိုက်နှစ်သက်တဲ့သူများအတွက်

ပုစွန်နှင့် ပဲကြာဆံပေါင်း ပြုလုပ်နည်းကို Food Indutstrial Directory မှ ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပုစွန်ထုပ်၊ ပဲကြာဆံ၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပုစွန်ထုပ်ကို ရေဆေးသန့်စင်ထားပါ။ ပဲကြာဆံကို ရေစိမ်ထားပါ။ ကြက်သွန်ဖြူကို နုပ်နုပ်စင်းထားပါ။

 

ပြီးနောက် ဆီကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်မှာ ပူလာအောင် ချက်ထားပါ။ စဉ်းပြီးသား ကြက်သွန်ဖြူကို ဟင်းခတ်မှုန့်ထည့်ထားပါ။

 

ပြီးလျှင် စဉ်းပြီးသား ကြက်သွန်ဖြူ ပေါ်သို့ ဆီပူထည့်ပြီး မွှေပေးထားပါ။


ပြီးနောက် ပုစွန်ထုပ်များကို ပန်းကန်ထဲစီထည့်ပြီး ပုစွန်များအပေါ်သို့ ကြက်သွန်ဖြူဆော့ထည့်လိုက်ပါ။ ပဲကြာဆံထည့်လိုက်ပါ။

 

နောက်ဆုံးမှ မိနစ်အနည်းငယ်ခန့် ပေါင်းပြီးရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင် ပုစွန်ထုပ် ပဲကြာဆံပေါင်းကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

link

Read times Last modified on Tuesday, 18 September 2018 12:47
Rate this item
(11 votes)