Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ပုစွန်ချဉ်စပ် အရည်သောက်

မိုးတွင်းလိုကာလမျိုးမှာ ချဉ်ငံစပ်စားချင်သူတွေအတွက် ခံတွင်းမြိန်စေပြီး အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့

ထိုင်းစတိုင်လ် ပုစွန်ချဉ်စပ် အရည်သောက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်ထုပ်၊ ကြက်ရိုး၊ စပါးလင်၊ ရှောက်ရွက်၊ ပဒဲကော၊ ငရုတ်သီးစိမ်းတောင့်၊ ကညွတ်၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်၊ သကြား၊ ကောက်ရိုးမှို၊ ဂဏန်းအသား၊ ဆန်ပြားဖတ်၊ အုန်းနို့၊ တုန်ယမ်းဟင်းအနှစ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊ သံပရာရည်၊ ရှမ်းနံနံ၊ နံနံပင် တို့ လိုအပ်ပါမယ်။

 

ပထမဆုံးကြက်ရိုးကို ရေဆေးသန့်စင်ပြီး ရေများများထည့်၍ ပြုတ်ပေးထားပါ။ ပြီးလျှင် ကြက်ပြုတ်ရည်ကျန်အောင် တည်ထားပါ။

 

ပြီးလျှင် စပါးလင်ကို အပင်လိုက်ရေဆေးပြီး  ခပ်ထူထူလေး လှီးထားပါ။ ပဒဲကောကို ခပ်ပါးပါးလေးတွေ လှီးထားပါ။

 

ပြီးနောက် ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ။  ကောက်ရိုးမှိုကို ရေဆေးပြီး ထက်ခြမ်းလှီးထားပါ။ ကညွှတ်ကိုလည်း ရေဆေးပြီး အနေတော် လှီးထားပါ။

 

ပြီးလျှင် ပုစွန်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ထားပါ။ ပြီးနောက် ရှမ်းနံနံနှင့် ပင်စိမ်းကို ရေဆေးထားပါ။

 

ပြီးနောက် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေဖြစ်အောင် စိတ်ထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး အစိတ်ထားပါ။

 

အားလုံးပြီးပြီဆိုရင် အိုးတစ်လုံးထဲသို့ ကြက်သားပြုတ်ရည်ထည့် လိုက်ပါ။ ယင်းအိုးထဲသို့ စပါးလင်၊ ပဒဲကော၊ တုန်ယမ်းဟင်းအနှစ်၊ ငရုတ်သီးစိမ်းအနီတောင့်၊ ရှောက်ရွက်၊ ကြက်သွန်နီတို့ထည့်၍ ရေဆူပွက်အောင် တည်ပေးပါ။

 

ဟင်းရည်ဆူလာပြီဆိုလျှင် ငါးငံပြာရည်၊ သံပရာရည်၊ ဟင်းခတ်မှုန့်၊ သကြားတို့ထည့်ပြီး အရသာကို ချဉ်စပ်ဖြစ်အောင် ပြုလုပ်ပါ။

 

ဟင်းရည်အိုးဆူပွက်လာလျှင် ဂဏန်းသား၊ ကညွတ်၊ ပုစွန်၊ ကောက်ရိုးမှိုတို့ကို ထည့်လိုက်ပါ။

 

ပြီးလျှင် လိုချင်သော အရသာဖြစ်ပြီဆိုရင် အုန်းနို့ရည်ထည့်ပြီး ဟင်းအိုးဆူအောင် ပြန်တည်ပေးထားပါ။

 

နောက်ဆုံး စားခါနီး အချိန်ကျမှ ပြုတ်ထားသော ဆန်ပြားဖတ်၊ ခရမ်းချဉ်သီး၊ ရှမ်းနံနံ၊ နံနံပင်တို့ထည့်ပြီး ထိုင်းစတိုင် ပုစွန်ချဉ်စပ်အရည်သောက်လေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>> ကလေးများအကြိုက်တွေ့စေမယ့် မုန်လာဥမုန့်

Read times Last modified on Tuesday, 18 September 2018 11:45
Rate this item
(3 votes)