Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ၀က်သံပရာပေါင်း

ဝက်သားကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင် သွားရောက်စားသုံးစရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့

ထိုင်းစတိုင်လ် ၀က်သံပရာပေါင်း ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ခရုဆီ၊ ကင်းမွန်ငံပြာရည်နှင့် သကြားတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ၀က်သားကို ရေဆေးသန့်စင်ပြီးလျှင် အတုံးကလေးဖြစ်အောင်တုံးထားပါ။

 

ပြီးလျှင် တည်မည့်အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူပြီဆိုရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ ၀က်သားကို ထည့်ပြုတ်လိုက်ပါ။

 

ဝက်သားကို နူးသည်အထိ ပြုတ်ထားပါ။ ပြီးနောက် ကြက်သွန်ဖြူ၊ နံနံပင်နဲ့ ငရုတ်သိးစိမ်းကိုရောပြီး နုပ်နုပ်စင်းထားပါ။

 

ပြီးနောက် ၀က်သားနူးပြီးဆိုရင် အိုးထဲကနေဆယ်ပြီး အအေးခံထားပါ။ အိုးထဲမှာ ကျန်နေတဲ့ဝက်သား ပြုတ်ရည်တွေကို လိုသလောက်ခပ်ယူထားပါ။

 

ပြုတ်ရည်ထဲကို နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်းတွေထည့်လိုက်ပါ။

 

ပြီးလျှင် ခရုဆီ၊ သကြား၊ ငံပြာရည်တို့ကိုလည်း အနည်းငယ်စီထည့်လိုက်ပါ။ ပြီးရင်တော့ မီးအပူပေးပြီး အရသာ အပေါ့အငန်မြည်းကြည့်ပါ။

 

ပြီးနောက် ပြုတ်ထားတဲ့ဝက်သားကို ပန်းကန်လုံးထဲထည့်လိုက်ပါ။ ပြီးလျှင် အပေါ်က ချက်ထားတဲ့ ဟင်းအရည်ကို လောင်းထည့်ပါ။ နောက်ဆုံးမှ သံပရာအကွင်းလေးတွေကို အပေါ်ကတင်ပေးရင်တော့ဖြင့် ထိုင်းစတိုင်လ် ၀က်သံပရာပေါင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 

Read More >>>>> ယောက်ျားလေးတွေနဲ့တည့်တဲ့ ငါးရှဥ့်ချက်ရအောင်

Read times Last modified on Tuesday, 18 September 2018 11:35
Rate this item
(3 votes)