Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ဆားငံသီးငါးပေါင်း

ထိုင်းအစားအစာများကို ကြိုက်နှစ်သက်သူတွေအတွက် အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ဆားငံသီးနဲ့ ငါးပေါင်းပြုလုပ်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါး၊ ဆားငံသီး၊ သံပရာရည်၊ ငံပြာရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ရှောက်ရွက်၊ ဆား၊ ကြက်သားမှုန့် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးကိုသန့်စင်အောင် ရေဆေးပြီး ငါးကို ကြက်ခြေခတ်သဏ္ဍန် ဓားလေးများဖြင့်မွှမ်းထားပါ။

 

ပြီးလျှင် ဆားအနည်းငယ်၊ ကြက်သားမှုန့်ဖြင့်နယ်ထားပါ။ ချင်းကိုအချောင်းလေးများဖြစ်အောင် လှီးထားပါ။

 

Read More >>>>>  ထိုင်းစတိုင် ငါးဆားမီးကင်လေး လုပ်စားရအောင်

 

ပြီးနောက် ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကို ဓားဖြင့် နုတ်နုတ်စဉ်းထားပါ။ ပြီးလျှင် သံပရာရည်၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ဖြင့်ရောထားပါ။

 

ပြီးရင်တော့  Kitchen Foil မှာဖြစ်စေ၊ ပန်းကန်ပေါ်ဖြစ်စေ ချင်း၊ ရှောက်ရွက်၊ ဆားငံသီးတို့ဖြန့်ခင်းထားပါ။

 

ပြီးလျှင် ငါးကို အပေါ်ကခင်းကာ ချင်း၊ ရှောက်ရွက်၊ ဆားငံသီးတို့ထပ်တင်ပါ။

 

ပြီးနောက် ရောထားသော Sauce အရည်ကို အပေါ်ကဖြန့်တင်ပါ။

 

ပြီးလျှင် ပေါင်းအိုးထဲတွင် နာရီဝက်ခန့် ရေနွေးခံ ပေါင်းပါ။

 

ပြီးရင်တော့ အနံအရသာနှင့် စားချင်စဖွယ် ဆားငံသီးငါးပေါင်းလေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 11 May 2019 11:58
Rate this item
(1 Vote)