Thiland



ဗီယက်နမ်မှာ ထိုင်းပတ္တမြား ကျွဲကော်သီး ဗီယက်နမ်ကျွဲကော်သီးထက် ရောင်းအား ပိုကောင်း

ဗီယက်နမ်မှာ ထိုင်းပတ္တမြား ကျွဲကော်သီး ဗီယက်နမ်ကျွဲကော်သီးထက် ရောင်းအား ပိုကောင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ထိုင်းကျွဲကော်သီး Siam Ruby Pomelo သည် ဗီယက်နမ်တွင် ဈေးမြင့်သည်။ ဗီယက်နမ်ကျွဲကော်သီးထက် ဈေး ၃ ဆ ပေးရသည်။ ထိုသို့ ဈေးကြီးနေသော်လည်း ရောင်းအား ကောင်းနေသည်။ 

အမြင်လှသည့်အပြင် အရည်အသွေးလည်း ပိုကောင်းသဖြင့် အဝယ်လိုက်သည်။

 

ဟိုချီမင်းစီးတီး အမှတ်(၂)ခရိုင်မှ Hoang Anh က တစ်ကီလိုဂရမ်လျှင် ဒေါင် ၂ သိန်း(US$8)  ပေးရသော ထိုင်းပတ္တမြား ကျွဲကော်သီးကို ဗီယက်နမ် နှစ်သစ်ကူး Tet အတွက်  ဝယ်ဖို့ စိတ်ကူးထားသည်ဟု ပြောကြားသည်။ အလေးချိန်မှာ အခွံ အပါအဝင် ၂ ကီလိုဝန်းကျင် ရှိသည်။

Tet နှစ်သစ်ကူးသည် တရုတ်နှစ်သစ်ကူးနှင့် ရက်အတူတူပင် ဖြစ်သည်။ ယခုနှစ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်သည်။ Tet နှစ်သစ်ကူးပွဲတော်ရက်များသည်လည်း တရုတ်နှစ်သစ်ကူး ပွဲတော်ရက်များနှင့် အတူတူပင် ဖြစ်သည်။ ယခုနှစ်တွင် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တပတ်ကြာသည်။

 

"မနှစ်တုန်းက ဗီယက်နမ် ကျွဲကော်သီးကို ငါဝယ်စားခဲ့တယ်၊ အရသာက သက်တယ်။ ထိုင်းကျွဲကော်သီးလိုမျိုး မချိုဘူး" ဟု သူမက ပြောကြားသည်။

 

အမှတ်(၅)ခရိုင်မှ Hanh က ဗီယက်နမ် ကျွဲကော်သီး အနီက ထိုင်းထက် ဈေးသက်သာကြောင်း ပြောကြားသည်။ တကီလိုဂရမ်ကို ဒေါင် ၆ သောင်း၊ ၇ သောင်းသာ ပေးရသည်။ သို့သော် ထိုင်းကဲ့သို့ အမြင်မလှ။ အရည်အသွေး စိတ်မချရ။ သို့ဖြစ်ရာ သူမက ထိုင်းပတ္တမြား ကျွဲကော်သီးကိုသာ ဈေးကြီးပေးပြီး ဝယ်စားမည်ဟု ပြောကြားသည်။

 

"Tet ပွဲတော်မှာ ဧည့်ခံကျွေးမွေးမှာဆိုတော့ အရသာကလည်း ကောင်းမှ ဖြစ်မယ်။ အမြင်လည်း လှဖို့ လိုတယ်" ဟု သူမက ပြောကြားသည်။

 

ဟိုချီးမင်းစီးတီးမှာ ကျွဲကော်သီး ရောင်းသည့် Kieu Chung က Siam Ruby Pomelo အလုံး တထောင် တင်သွင်းပြီး ရောင်းချသည်။ အလေးချိန် ၂ ကီလိုဂရမ်ဝန်းကျင်ရှိပြီး တစ်ကီလိုဂရမ်လျှင် ဒေါင် ၂ သိန်းဖြင့် ရောင်းသည်။

 

"ဗီယက်နမ် ကျွဲကောသီး အခွံစိမ်းက ထိုင်းလို စိုပြီး  စိမ်းလန်းမနေဘူး။ မွဲခြောက်ခြောက် ဖြစ်နေတယ်။ အသားကလည်း ထိုင်းကျွဲကော်သီးလို တကယ်နီနေတာမျိုး မဟုတ်ဘူး၊ ဖျော့တော့တော့ ဖြစ်နေတယ်" ဟု သူမက ပြောပြသည်။ 

 

ယခုနှစ် Tet အတွက် ရောင်းအားသည် ယမန်နှစ်ကထက် ပိုကောင်းသည်ဟု သူမက ပြောကြားသည်။

 

Vnexpress 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)