Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ငါးဆားမီးကင်လေး လုပ်စားရအောင်

ထိုင်းစတိုင် ငါးဆားမီးကင်လေး လုပ်စားရအောင် google

အကြေးခွံရှိပြီး အရိုးမများသည့် ငါးဆိုရင်တော့ ပိုကောင်းပါတယ်။  မြန်မာလူမျိုးများနှင့်  သိပ်မစိမ်းသည့် ငါးဆားမီးကင်  ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်တဲ့ပစ္စည်းများကတော့ ငါး၊ ဆား၊ စပါးလင်၊ ရှောက်ရွက်၊ သံပရာသီး၊ ငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ ငရုတ်သီး တို့ လိုအပ်ပါမယ်။

 

ပထဦးဆုံး ငါးကို ရေစင်အောင် ဆေးကြောပြီးဝမ်းဗိုက်ကို ဓားဖြင့်အနေတော် ဖောက်ပြီး အညစ်အကြေးများကို သန့်စင်ပါ။ ငါးအကြေးခွံများကို မခွာရပါ။

 

အညစ်အကြေးများ ကလီစာများထုတ်ပြီး ဆေးကြောပြီးပါက ငါးပါးစပ်အတွင်းမှ စပါးလင်နှင့် ရှောက်ရွက်ကို ပုံမပျက်စေဘဲ ငါးဝမ်းဗိုက်ထဲသို့ ထိုးထည့်ပေးရပါမယ်။

 

ပြီးနောက် ဆားများကို ဝမ်းဗိုက်အတွင်းသို့ မဝင်အောင် သတိထားပြီး သုတ်လိမ်း၍ မီးကင်ရပါမယ်။

 

Read More >>>>>  အိန္ဒိယစတိုင် တိုရှည်လေးလုပ်စားရအောင်

 

ပြီးလျှင် မီးသွေးပေါ်မူတည်ပြီးချိန်ဆရပါမယ်။ ဆားများ နီရဲလာပါက ငါးကျက်ပါပြီ။

 

ငါးကို မီးအေးအေးဖြင့် ကင်ပါက နာရီဝက်ကျော်ကြာပါတယ်။  

 

ငါးဆားမီးကင်နှင့် တွဲဖက်စားဖို့အတွက်  အချဉ်ရည် ပြုလုပ်နည်းကိုလည်း အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

အချဉ်ရည်စပ်ဖို့အတွက် ငရုတ်သီး၊ ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံတွင် ကြေညက်အောင်ထောင်းပြီး ပန်းကန်လုံးလေးထဲသို့ထည့်၍ သံပရာသီး၊ ငံပြာရည်၊ သကြားတို့ကို အချိုးကျထည့်ပြီးရင်တော့ ငါးဆားမီးကင်ကို အချဉ်ရည်လေးနဲ့ တွဲဖက်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

 

Read times Last modified on Friday, 10 May 2019 17:12
Rate this item
(1 Vote)