Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင်လ် သရက်သီးစိမ်းနဲ့ ပုစွန်အစိမ်းသုပ်

အစားအစာကို ဆန်းဆန်းပြားပြားလေးစားချင်သူများအတွက် အိမ်တွင်လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ သရက်သီးစိမ်းနဲ့ ပုစွန်အစိမ်းသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ သရက်သီး၊ ပုစွန်၊ ရေခဲ၊ ငရုတ်သီးလေးစိပ်ကွဲ၊ ငရုတ်ဆီ၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်၊ သံပရာရည်၊ ငါးငံပြာရည်၊ ကြက်သွန်နီ၊ ဆား တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး သရက်သီးကို အခွံနွှာပြီးလျှင် အတုံးကလေးများဖြစ်အောင် လှီးဖြတ်၍ ရေခဲတုံးကလေးများဖြင့် စိမ်ပေးထားပါ။

 

ပြီးလျှင်  ပုစွန်ကို အခွံနွှာ ချေးထုတ်ပြီး ဆား၊ ရှာလကာနဲ့ ပုစွန်ကို ၁၀ မိနစ်ခန့် ဆေးကြောပေးပါ။ ပြီးလျှင် ပုစွန်ကို ရေခဲတုံးကလေးများဖြင့် စိမ်ပေးထားပါ။

 

Read More >>>>>  Chinese Style ဝက်ကောက်ညှင်းပေါင်းလေး လုပ်စားရအောင်

 

 

ပြီးနောက် ငရုတ်သီးလေးစိပ်ကွဲ၊ ငရုတ်ဆီအရည်၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်ထည့်ပြီး နှံ့အောင်မွှေပေးထားပါ။

 

ပြီးလျှင် သံပရာရည်၊ ငါးငံပြာရည်၊ ပုစွန်၊ သရက်သီးနှင့် ပါးပါးလှီးထားတဲ့ ကြက်သွန်နီထည့်ပြီး သုပ်လိုက်ပါ။

 

ပြီးရင်တော့ ချဉ်ငံစပ် သရက်သီးစိမ်းနဲ့ ပုစွန်အစိမ်းသုပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 20 June 2019 14:23
Rate this item
(1 Vote)