Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ခြေထောက် တုန်ယမ်းဟင်းချို

နလံထ လူပမာများအတွက် ကြက်ခြေထောက် တုန်ယမ်းဟင်းချိုက အရသာရော၊ အနံ့ပါ သင်းပျံ့ ပြီး အလွန်ကောင်းမွန်သော ဟင်းချို တစ်ပွဲပဲဖြစ်ပါတယ်။

 

တုန်ယမ်းဟင်းချိုကောင်းကောင်း ကိုက်နှစ်သက်သူများအတွက် အောက်တွင် ချက်နည်းကို လမ်းညွှန်ပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်ခြေထောက်၊ တုန်ယမ်းအခဲ၊ တုန်ယမ်းအနှစ်၊ အုန်းနို့၊ ငုံးဥ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မျှစ်၊ ပြောင်းဖူးအသေး၊ ပဲပြား၊ တို့ဟူး၊ သံပရာသီး၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ပဒဲကော၊ ရှမ်းနံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ခြေထောက်များကို ရေစင်အောင် ဆေးကြောသန့်စင်ပြီးလျှင် ထက်ပိုင်း ပိုင်းလိုက်ပါ။

 

ပြီးလျှင် ဒန်အိုးတစ်ခုထဲ ရေထည့်ပြီး ကြက်ခြေထောက်များ နူးသည်အထိ တည်ထားပေးပါ။

 

တုန်ယမ်းချက်ဖို့အတွက် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒဲကော၊ ငရုတ်သီးစိမ်းများထည့်၍ မိနစ်အနည်းငယ်ကြာအောင် ဆီသတ်ပေးထားပါ။

 

ပြီးရင်တော့ ဟင်းရွက်များဖြစ်တဲ့ မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ခရမ်းချဉ်သီး၊ မျှစ် တို့ကို ထည့်ရောမွှေလိုက်ပါ။

 

ပြီးနောက် ကြက်ခြေထောက်ပြုတ်ထားသော ကြက်ပြုတ်ရည်များနှင့် ကြက်ခြေထောက်များကို ဒယ်အိုးထဲ ဖြည်းဖြည်းချင်း လောင်းချလိုက်ပါ။

 

ပြီးလျှင် အဖုံးအုပ်၍ မိနစ်အနည်းကြာ ဆူပွက်အောင် တည်ထားပေးပါ။

 

ပြီးနောက် တုန်ယမ်းအခဲနှင့် တုန်ယမ်းအနှစ်များကို ထည့်၍ ရောမွှေလိုက်ပါ။

 

ပြီးလျှင် ငုံးဥ၊ ပဲပြား၊ တို့ဟူး ထည့်လိုက်ပါ။ ပြီးနောက် အရသာ အပေါ့အငံအတွက် ဆား၊ ကြက်သားမှုန့်၊ ငါးငံပြာရည်၊ သံပရာရည်တို့ကို ထည့်လိုက်ပါ။

 

နောက်ဆုံးမှ အုန်းနို့ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံတို့ အုပ်ပေးပြီးနောက် ထိုင်းစတိုင် အရသာရော၊ အနံ့ရော သင်းပျံ့ မွှေးကြိုင်နေတဲ့ တုန်ယမ်းဟင်းချိုကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:01
Rate this item
(1 Vote)