Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ဝက်ကောက်ညှင်းပေါင်းလေး လုပ်စားရအောင်

အိမ်တွင် မိသားစုဆုံတုန်းလေး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဝက်ကောက်ညှင်းပေါင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ ကောက်ညှင်း၊ ဘဲဥ၊ ရှီတာကီမှို၊ မှိုခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဝက်အူချောင်း၊ ပုစွန်ခြောက်၊ ဆား၊ သကြား၊ ပဲငံပြာရည်အနောက်၊ နာနတ်ပွင့်၊ တရုတ်မဆလာ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကောက်ညှင်းကို ရေဆေးပြီး ရေစိမ်ထားပါ။ ၃နီာကြာထားပြီးနောက် ရေစစ်ထားပါ။

 

ပြီးလျှင် ဝက်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။

 

Read More >>>>>  ကလေးများ အကြိုက်တွေ့စေမယ့် Chinese Style ကြက်သားလုံးသီးစုံအကြွပ်ကြော်

 

ပြီးနောက် ဆား၊ သကြား၊ တရုတ်မဆလာ၊ ပဲငံပြာရည်အနောက်နှင့်နယ်၍ ရေထည့်၍ နှစ်ရည်ခမ်းအောင် တည်ထားပေးပါ။

 

ပြီးလျှင် ဘဲဥကို ပြုတ်၍ ဝက်သားတစ်ရည်ခန်းလျှင် ထည့်တည်ထားပါ။  

 

ပြီးနောက် ဝက်အူချောင်းကို ပါးပါးလှီးပြီး ကြက်သွန်နီကို လေးစိတ်စိတ်ထားပါ။  ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။

 

ပြီးလျှင် ပုစွန်ခြောက်ကို ရေဆေးထားပြီး မှိုကို ရေစိမ်ပြီးရင် ရေဆေးပြီး ညှပ်ထားပေးပါ။

 

ပြီးနောက် တရုတ်နံနံကိုလည်း ရေဆေးပြီး အရွယ်တော်လေးဖြစ်အောင် ညှပ်ထားပေးပါ။

 

အားလုံးရပြီဆိုရင်တော့ ထမင်းပေါင်းအိုးထဲဥို့ ကောက်ညှင်း၊ ဝက်သား၊ ပုစွန်ခြောက်၊ ဘဲဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မှို၊ သကြား၊ ဆား၊ ပဲငံပြာရည်အနောက်၊ တရုတ်မဆလာ၊ နာနတ်ပွင့်၊ ဆီ၊ ရေထည့်၍ တည်ထားပေးပါ။

 

အရသာကိုတော့ စိတ်ကြိုက်အနေအထားဖြစ်အောင် ပြုလုပ်ပါ။ ခဏကြာလျှင် မွှေပေးထားပါ။ ရေခမ်းကာနီးလျှင် ဝက်အူချောင်း၊ နှမ်းဆီမွှေး၊ တရုတ်နံနံထည့်၍ ကျက်သည်အထိ တည်ထားပေးပါ။

 

ကျက်ပြီဆိုလျှင် အဖုံးမဖွင့်ဘဲ  ဆယ့်ငါးမိနစ်ခန့ထားပြီးရင်တော့ အချဉ်နှင့် တွဲဖက်၍ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Wednesday, 19 June 2019 17:22
Rate this item
(2 votes)