Thiland



ထိုင်းသကြား ပြည်ပတင်ပို့ရန် နှောင့်နှေးကြန့်ကြာနိုင်

ထိုင်းသကြား ပြည်ပတင်ပို့ရန် နှောင့်နှေးကြန့်ကြာနိုင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းအစိုးရက ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းနှင့် မှောင်ခိုရောင်းဝယ်မှု တားဆီးရေး အစီအမံသစ်များ စတင်လိုက်ခြင်းကြောင့် ထိုင်းသကြားတင်ပို့မှုသည် လာမည့်နှစ်တွင် နှောင့်နှေးမှုများ ကြုံတွေ့ရနိုင်သည်ဟု ထုတ်လုပ်သူများနှင့် ရောင်းချသူများက ပြောကြားကြသည်။

 

ထိုင်းနိုင်ငံသည် ဘရာဇီးပြီးလျှင် သကြား ကမ္ဘာ့အများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်ပါသည်။

ယခုအခါ ထိုင်းအစိုးရက ပြည်တွင်း သကြားထုတ်လုပ်မှု လျော့နည်းမည် ဖြစ်သဖြင့် သကြားကို ထိန်းချုပ်ကုန်စည်အဖြစ် စာရင်းသွင်းထားပါသည်။

သို့ဖြစ်ရာ သကြား တတန်အထက် ပြည်ပတင်ပို့မည် ဆိုပါက အစိုးရထံမှ ခွင့်ပြုချက် ရယူရန် လိုအပ်ပါသည်။ ၎င်းခွင့်ပြုချက် ရယူရသည့်အတွက် အနည်းနှင့်အများ ကြန့်ကြာမှု ရှိနေမည်ဟု ကုန်သည်များက ပြောကြားကြသည်။

 

"ထိုင်းသကြားရဲ့ ပရီမီယံတန်ဖိုးက ဝယ်လက်တွေက အရည်အသွေးပြည့်မီတဲ့ သကြားတွေကို အချိန်မီ ရရှိနိုင်ထာ ဖြစ်ပါတယ်"ဟု တင်ပို့ရောင်းချသူ Khonburi Sugar ၏ လက်ထောက်စျေးကွက်ရှာဖွေရေးမန်နေဂျာ Rathavudh Seetang ကပြောသည်။

 

"ခွင့်ပြုချက် ရယူရတာဟာ ကျွန်တော်တို့ရဲ့ ပရီမီယံတန်ဖိုးကို လျော့ကျစေပြီး ပြည်ပဝယ်လက်တွေရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်"ဟု ၎င်းက ပြောကြားသည်။ 

 

နိုင်ငံ၏ သကြားထွက်ရှိမှုသည် မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရပြီး ယခုအခါ တန်ချိန် ၈ သန်းအထိသာ ရရှိမည်ဟု ခန့်မှန်းထားပြီး ယင်းတို့အနက် ပြည်တွင်း၌ စားသုံးရန် ၂ ဒသမ ၅ သန်းနှင့် တင်ပို့မှု ၅ ဒသမ ၅ သန်းရှိကြောင်း အစိုးရ အချက်အလက်များမှာ ဖော်ပြထားသည်။

ယမန်နှစ်က ထိုင်းနိုင်ငံသည် သကြားတန်ချိန် ၇ ဒသမ ၆၉ သန်း တင်ပို့ခဲ့သည်။

 

သကြားဈေးနှုန်းများမှာ ပြည်တွင်းသုံး သကြားဖြူ တစ်ကီလိုလျှင် ၁၉ ဘတ်၊  သန့်စင်ပြီး သကြားဖြူ တစ်ကီလိုဂရမ်လျှင် ဘတ် ၂၀   ဖြစ်ပါသည်။

 

ကမ္ဘာ့သကြားဖြူစျေးနှုန်းများသည် ဒီဇင်ဘာလအတွက် စာချုပ်အရ တစ်တန်လျှင် ၇၇၂ ဒသမ ၉၀ ဒေါ်လာဖြင့် Intercontinental Exchange (ICE) တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၁၂ နှစ်တာကာလတွင် အမြင့်ဆုံး ဖြစ်သည်။

 

အစိုးရက ပြည်တွင်းသကြား အများဆုံးဈေးနှုန်းကို  သတ်မှတ်ထားရာ၌ ကမ္ဘာ့သကြားဈေးထက် လျော့နည်းနေသဖြင့် ကြံစိုက်တောင်သူများ နစ်နာသည်ဟု ကန့်ကွက်ကြသည်။

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ လွတ်လပ်စွာ ပြိုင်ဆိုင်ခြင်းဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ရာ ရောက်သည်ဟု အစိုးရအား သကြားထုတ်လုပ်သူများက သတိပေးခဲ့ကြသည်။

Source bangkokpost 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 10 November 2023 13:38
Rate this item
(0 votes)