Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ကွေ့တီယို

မိုးလေးအေးအေးလေးနဲ့ စားလို့ကောင်းမယ့် ကွေ့တီယိုလေးကို ဆိုင်မှာသွားစားစရာမလိုဘဲ ပိတ်ရက် မိသားစုဆုံတုန်းလေး

လုပ်စားနိုင်တဲ့ ထိုင်းစတိုင်လ် ကွေ့တီယိုပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆန်ခေါက်ဆွဲ၊ ဝက်နံရိုး၊ ဝက်သား၊ ၀က်နံရိုး၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ချင်း၊ ငရုတ်သီးစိမ်း၊ သကြား၊ မြေပဲ၊ ငရုတ်သီးဆီချက်၊ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံ တို့လိုအပ်ပါတယ်။

 

 

 

ပထမဦးဆုံး ၀က်သားကို ရေဆေးသန့်စင်လိုက်ပါ။ ပြီးလျှင် ဝက်သားများကို ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ပြီး တောက်တောက်စဉ်းထားပါ။ ပြီးရင်အလုံးလေးတွေ လုံးထားပါ။

 

 

ပြီးနောက် ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ရှာလကာရည်နဲ့စိမ်ထားပါ။

 

 

ပြီးရင်တော့ ဒယ်အိုးတစ်လုံးထဲကို ရေထည့်ပြီး တည်ထားပေးပါ။ ရေဆူလာလျှင် ဝက်နံရိုးထည့်၊ ချင်းနဲ့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထည့်ပါ။ ပြီးလျှင် ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပေးပါ။ ဝက်နံရိုးများနူးခါနီးမှာ ဝက်သားလုံးများကို ထည့်ပြီး ပြုတ်လိုက်ပါ။

 

 

မိနစ်အနည်းငယ်ကြာ ပြုတ်ပြီးသွားရင်တော့ ဝက်နံရိုးမှအသားများနဲ့ ဝက်သားလုံးများကိုဆယ်ထားပေးပါ။

 

 

ပြီးလျှင် ဆန်ခေါက်ဆွဲပြုတ်ဖို့အတွက် နောက်ဒယ်အိုးတစ်ခုထဲကိုရေထည့်ပြီးတည်ထားပေးပါ။ ရေဆူလာလျှင် ဆန်ခေါက်ဆွဲကိုထည့်ပြုတ်လိုက်ပါ။ ဆန်ခေါက်ဆွဲကျက်ပြီဆိုရင် ဆယ်ပြီး ဇကာထည့် စစ်ထားပေးပါ။

 

 

ကွေ့တီယိုစားဖို့အတွက် ပန်းကန်လုံးထဲကို ဆန်ခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ မြေပဲထောင်း၊ ငရုတ်သီးဆီချက်၊ ကြက်သွန်မြိတ်နဲ့ နံနံပင်တို့ကိုထည့်လိုက်ပါ။

 

 

ပြီးနောက် အပေါ်ကနေ ဝက်သားပြုတ်ရည်ကိုလောင်းထည့်ပေးပါ။

 

 

ပြီးရင်တော့ သကြား၊ ငရုတ်သီးရှာလကာရည်၊ ငံပြာရည်နဲ့ ကြက်သွန်ဖြူဆီချက်ကို မိမိတို့ကြိုက်နှစ်သက်သလို ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  ကြက်သားအစပ်ကြော်

 

Read 6012 times Last modified on Tuesday, 18 September 2018 11:33
Rate this item
(2 votes)