Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်ထမင်းကြော်

ဒီကနေ့တင်ပြပေးမယ့်အကြောင်းအရာကတော့ ပိတ်ရက် မိသားစုဆုံတုန်းလေး ပုစွန်ပေါတုန်းအချိန်လေးမှာ

ဆိုင်တွင်လည်းအရသာရှိစွာစားနိုင်သလို အိမ်တွင်လည်း အရသာရှိပြီး လွယ်လင့်တကူ ချက်စားနိုင်တဲ့ ပုစွန်ထမင်းကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ ထမင်း၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ပဲသီး၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆီ၊ ဆား၊ ကြက်သားမှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဆန်ကို ရေဆေးပြီး ထမင်းအိုးတည်ထားပေးပါ။ ပုစွန်ကို အခွံခွာပြီး ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် မုန်လာဥနီ၊ ပဲသီးကို ခပ်ပါးပါးလှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို အခွံခွှာပြီး ထောင်းထားပါ။

 

ပြီးနောက် မီးဖိုပေါ်ကို ဒယ်အိုးတင် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူထောင်းထားတာ ထည့်လိုက်ပါ။

 

ပြီးရင်တော့ ပုစွန်၊ ပဲသီး၊ မုန်လာဥနီတို့ကို ထည့်လိုက်ပါ။ ပြီးနောက် ဆားနှင့် ကြက်သားမှုန့်ကိုလည်း ထည့်လိုက်ပါ။

 

နူးပြီးကျက်ပြီဆိုရင် မီးအရှိန်ကိုလျှော့၍ ထမင်းကိုထည့်လိုက်ပြီး မွှေပေးထားပါ။ မွှေလို့ မိနစ်အနည်းငယ်ကြာရင် မီးဖိုပေါ်မှ ချလိုက်ပါ။

 

ပြီးလျှင်တော့ အရသာရှိတဲ့ ပုစွန်ထမင်းကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:26
Rate this item
(1 Vote)