Thiland



ယခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံသို့ ထိုင်း ဒူးရင်းသီး တန်ချိန် ငါးသိန်းခန့် တင်ပို့

ယခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံသို့ ထိုင်း ဒူးရင်းသီး တန်ချိန် ငါးသိန်းခန့် တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံသို့ ထိုင်း ဒူးရင်းသီး တန်ချိန် ငါးသိန်းခန့် တင်ပို့ခဲ့သည်။

.

ထိုင်းဒူးရင်းသီး၏ရေပန်းစားမှုသည် တရုတ်စားသုံးသူများကြားတွင် ဆက်လက်မြင့်တက်နေခြင်းနှင့် လေးရက်သာကြာသည့် တိုတောင်းသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတို့ကြောင့် ထိုင်းဒူရင်းသီးများ တရုတ်ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်စေခဲ့သည်။

.

ဝန်ကြီးချုပ်၏ နိုင်ငံရေး ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးနှင့် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ပြောကြားသည်မှာ ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း လတ်ဆတ် ဒူးရင်း တန်ချိန် ၀.၄၇ သန်းကျော် တင်ပို့နိုင်ခဲ့သည်။

.

 တရုတ်စားသုံးသူများကြားတွင် ထိုင်းဒူရင်း  ဆက်တိုက်ရေပန်းစားမှုနှင့် တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ပိုမိုမြန်ဆန်ခြင်းကြောင့် ယခုလို တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

  .

 လက်ရှိတွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီး အလုံးရေ ၁ သိန်းခွဲကျော်ကို အပြည်ပြည်ဆိုင်ရာ ကုန်းမြေ- ပင်လယ် ကုန်သွယ်မှုစင်္ကြံအသစ် New International Land-Sea Trade Corridor မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်လျက်ရှိသည်။

.

ယခင် ပင်လယ်-ကားလမ်း လမ်းကြောင်းသည် ၈-၁၀ ရက် ကြာသည်။ ယခု ၄ ရက်ခရီး ဖြစ်သဖြင့် ကြာချိန် အနည်းဆုံး ၄ ရက် လျော့ကျသည်။

.

သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအသစ်သည် ထိုင်းသစ်သီးဝလံများ၏ ပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချပေးရုံသာမက သယ်ယူပို့ဆောင်ရေးကာလအတွင်း ပျက်စီးဆုံးရှုံးမှုများကိုလည်း လျော့နည်းစေပါသည်။

.

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ လတ်ဆတ်ဒူးရင်းသီး တင်ပို့မှုသည် ဘတ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိသည်။ နှစ်ပေါင်း ၃၀ အတွင်း ဒူးရင်း တင်ပို့မှုတန်ဖိုး အမြင့်ဆုံး ဖြစ်သည်။

.

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ထိုင်းဒူးရင်း တင်ပို့သည့် စျေးကွက်များတွင် အကြီးဆုံး ဖြစ်သည်။ ယမန်နှစ်က  စုစုပေါင်း တင်ပို့မှု၏ ၉၆% သည် တရုတ်ပြည်သို့ တင်ပို့သည်။

.

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ သစ်သီးဝလံတင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်သည်။ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံကျော် ဝင်ငွေရရှိခဲ့သည်။

Source. The Nation Thailand/ANN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 01 July 2023 20:27
Rate this item
(0 votes)