Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယား မုန့်လုံးကြီး သာကူ ကျိုနည်း

မြန်မာ နှစ်သစ်ကူး ကာလမှာ မြန်မာတွေဟာ မုန့်လုံးကြီး သာကူကျို ကို ရာသီစာအဖြစ် အမြတ်တနိုးနဲ့ ကျိုစားကြတာတွေ့ရပါတယ်။မုန့်လုံးကြီးသာကူကို အနောက်တိုင်း အခေါ်အဝေါ် Bua Loi လို့ခေါ်ပါတယ်။

 

မုန့်လုံးကြီးသာကူ ဟာ ဆိုရင်တော့ မြန်မာ နိုင်ငံ တစ်နိုင်မှာပဲ ထင်ရှားကျော်ကြားတာ မဟုတ်ပါဘူး အရှေ့တောင် အာရှ နိုင်ငံတွေဖြစ်တဲ့ ယိုးဒယား နဲ့ ကမ္ဘောဒီယား စတဲ့နိုင်ငံတွေမှာ လည်းလုပ်စားကြပါတယ်။

 

ယခု မုန့်လုံးကြီး လုပ်ပုံ လုပ်နည်းမှာ ယိုးဒယား နည်းကျ ပိန်းဥ ၊ ကန်စွန်းဥ ပါဝင်ပါတယ် ထို့အပြင် အုံးနို့လည်း ပါဝင်ပါသေးတယ်။တကယ့်ကို ကောင်းမွန်တဲ့ အချိုပွဲလေး ဖြစ်ဖို့ ယိုးဒယား မုန့်လုံးကြီး သာကူကြိုနည်းလေး ကြည့်ကြရအောင် -

 

ပါဝင်ပစ္စည်းများ

--------------------

 

ဆန်မုန့် - တစ်ထုတ်
သကြား - ၂၀ gram
ပိန်းဥ - ၁ လုံး
ကန်စွန်းဥ - ၁ လုံး
အုန်းနို့ - အုန်းသီး တစ်လုံးစာ
အုန်းသီးအနု - အုန်းသီးတစ်လုံးစာ

 

ချက်ပြုတ်နည်း အဆင့်ဆင့်

----------------------------------


ပိန်းဥ ကို ပြုတ်ပါ , ကန်စွန်းဥ ကို ပြုတ်ထားပါ

 

ထို ပြုတ်ထားသော ပိန်းဥ ကို ဖျစ်ညစ်ပြီး ဆန်မုန့်ဖြင့်ရောနယ်ပါ အလုံးလေးတွေ လုပ်ထားပါ။

 

ထို ပြုတ်ထားသော ကန်စွန်းဥ ကို ဖျစ်ညစ်ပြီး ဆန်မုန့်ဖြင့်ရောနယ်ပါ အလုံးလေးတွေ လုပ်ထားပါ။

 

ထိုအလုံးလေးများကို ရေခဲသေတ္တာ ထဲတွင် ၁ နာရီနှပ်ထားပေးပါ။

 

ပြီးမှ ရေနွေးပူပူဖြင့် နာရီဝက်ခန့် ပြုတ်ပါ ပြုတ်ပြီး ပြန်ဆယ်ထားပါ။

 

အုန်းနို့ကို သကြားထည့်ကာ မီးပြင်းပြင်းနဲ့ မွှေပါ ပြီးမှ မီးကို ခပ်အေးအေး အနေအထားပြန်ထားကာ ပြုတ်ပြီးဆယ်ထားသော မုန့်လုံးကြီး အလုံးလေးများကို ထည့်ပါ။

 

အပေါ်က အုံးသီးဖတ်လေးတွေ ထည့်လိုက်မယ်ဆိုရင်တော့ ထိုင်းစတိုလ် အသင့်စား မုန်လုံးကြီး သာကူတစ်ခွက်ရရှိပါပြီ။

 

<<< Zawgyi >>>

 


-------------------------------------------

 


 


 


 

ပါဝင်ပစ္စည်းများ

---------------

 

ဆန်မုန့် - တစ်ထုတ်
သကြား - ၂၀ gram
ပိန်းဥ - ၁ လုံး
ကန်စွန်းဥ - ၁ လုံး

 


-------------------------------



 


 


 


 


 


 


 

Home Page Food

 

Myanmar Food Industry Directory

Read times
Rate this item
(0 votes)