Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ၀က်နံရိုးကြော်

ထိုင်းစတိုင် ၀က်နံရိုးကြော်စားချင်သူများအတွက် ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း

ကိုယ်တိုင် လုပ်လို့ရတဲ့ ၀က်နံရိုးကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်နံရိုး၊ ဟင်းချက်ဝိုင်၊ ဆား၊ ငါးငံပြာရည်၊ ပြောင်းကော်မှုန့်၊ အကြော်မှုန့်၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်နံရိုးကို ရေဆေးပြီး အတုံးသေးသေးလေးတွေဖြစ်အောင် တုံးထားပါ။ ပြီးရင် ခြောက်သွေ့သွားအောင် ရေစစ်ထားပါ။

 

ပြီးလောက် တစ်ရှူးစက္ကူနဲ့ ဖွဖွဖိပြီး ရေသုတ်ပေးပါ။ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်၊ သကြား၊ ဆား၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို ရောနယ်ပေးထားပါ။

 

ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့် နှပ်ထားပေးပါ။

 

ပြီးနောက် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး စဉ်းထားပါ။ ကြက်သွန်မြိတ်ကိုလည်းလှီးထားပါ။

 

ပြီးရင်တော့ ဝက်နံရိုးကြော်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလျှင် ကြက်သွန်ဖြူကို ထည့်ကြော်ပါ။ ကြက်သွန်ဖြူကြော်ပြီးလို့ အဝါရောင်သန်းခါနီးတွင် ကြက်သွန်မြိတ် ထည့်ကြော်ပါ။

 

ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလျှင် ဆယ်ယူထားပါ။

 

ပြီးနောက် ဝက်နံရိုးကို ပြောင်းကော်မှုန့်၊ အကြော်မှုန့် ဆတူ ထည့်နယ်ပေးပါ။ ရေကို နည်းနည်းချင်း ထည့်ပြီး နယ်ပါ။ ရေမများသွားစေရန် သတိထားရပါမယ်။

 

ဝက်နံရိုးကြော်မည့်အိုးထဲ ဆီထည့်ပါ။ မီးမများစေရန် ဂရုပြုရပါမယ်။ ရွှေအိုရောင်အနေအထားရပြီဆိုရင်တော့ ဆယ်ယူပြီး ဆီစစ်ထားပါ။

 

ပြီးရင် ကြော်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်ကြော်လေးဖြူးပြီး ရင်တော့ ကြွပ်ရွပြီး အရသာရှိတဲ့ ထိုင်းစတိုင်လ် ဝက်နံရိုးကြော်လေးကို ဆော့စ်လေးနှင့်လည်း တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read 3221 times Last modified on Tuesday, 18 September 2018 14:18
Rate this item
(1 Vote)