Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ပုစွန်၊ သီဟိုဠ်စေ့၊ နာနတ်ထမင်းကြော်

ပုစွန်၊ နာနတ်ထမင်းကြော်စားချင်သူများ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း မိသားစုဆုံတုန်းလေး လုပ်စားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ နာနတ်သီး၊ သီဟိုဠ်စေ့၊ စပျစ်ခြောက်၊ မုန်လာဥနီ၊ ဘိုစားပဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ ပြောင်းဖူး၊ ကြက်ဥ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပုစွန်ကို အခွံခွာ ရေဆေးသန့်စင်ပြီးလျှင် ကျက်အောင်လှော်လိုက်ပါ။

 

ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ပါးပါးလှီးပြီး ထည့်ကြော်ပါ။

 

မွှေးလာလျှင် ဘိုစားပဲ၊ မုန်လာဥနီ၊ ပြောင်းဖူးတို့ကို ထည့်ကြော်ပါ။

 

ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကြည် ထည့်ပြီး တည်ပေးပါ။

 

ပြီးလျှင် ရေအနည်းငယ်ထည့်၊ အဖုံးအုပ်၍ မိနစ်အနည်းငယ်ကြာအောင် တည်ပေးပါ။

 

အရွက်များ နူးပြီဆိုလျှင် ထမင်းကို ထည့်ကြော်ပါ။ ပြီးနောက် ပဲငံပြာရည်အနောက် ထည့်လိုက်ပါ။ အပေါ့အငန် မြည်းပြီးလိုအပ်လျှင် ထပ်ထည့်ပါ။ ကြက်ဥကို ဆားအနည်းငယ်ထည့်ပြီး မွှေကြော်၍ ထမင်းကြော်ပေါ် တင်လိုက်ပါ။ ပြီးလျှင် ပုစွန်ကို ထည့်လိုက်ပါ။

 

နောက်ဆုံးမှ နာနတ်သီး၊ သီဟိုဠ်စေ့နှင့် စပျစ်ခြောက်တို့ကို ထမင်းကြော်ထဲထည့်လိုက်ပါ။

 

အားလုံးထည့်ပြီးပြီဆိုလျှင်တော့ မိနစ်အနည်းငယ်ခန့်မွှေပြီး ကြော်ပေးပါ။

 

ပြီးရင်တော့ ထိုင်းစတိုင်လ် ပုစွန်၊ သီဟိုဠ်စေ့၊ နာနတ်ထမင်းကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:30
Rate this item
(2 votes)