Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် မှိုထောင်း

မှိုထောင်းဆိုတာ ယိုးဒယား သဘောင်္သီးထောင်းနဲ့ အတူတူပါပဲဖြစ်ပါတယ်။ ယနေ့တွင်

တခေတ်ဆန်းသစ်ပြီး သဘောင်္သီးဖတ်နေရာမှာ မှို၊ သစ်သီးစုံ၊ မုန့်တီဖတ်၊ မြီးရှည်ဖတ် စသဖြင့် အစားထိုးထောင်းစားကြပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မှိုဖြူ (သို့) မှိုအညိုရောင်၊ သခွားသီး၊ မုန်လာဥနီ၊ ချယ်ရီခရီးချဉ်သီး၊ ငရုတ်သီးခြောက်၊ ငရုတ်သီးမိုးမျှော်သီး၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ သံပရာသီး၊ မကျည်းနှစ်ရည်၊ ငံပြာရည်၊ သကြား၊ ပုစွန်ငါးပိတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သွန်ဖြူနဲ့ ငရုတ်သီးနှစ်မျိုးကို ဒယ်အိုးထဲထည့်ပြီး လှော်ပေးပါ။ ငရုတ်သီးစိမ်းဆိုရင် ဗိုက်နာမှာ စိုးတဲ့အတွက် လှော်တာဖြစ်ပါတယ်။

 

ကြက်သွန်၊ ငရုတ်လှော်တာရရင် ဆုံထဲမညက်တညက်ထောင်းပေးပါ။ ရတာနဲ့ ငါးပိမီးကင်ထားတာထည့် သကြား၊ ငံပြာရည်၊ ချယ်ရီသီး၊ ခရမ်းချဉ်သီးနှစ်ခြမ်းခြမ်းထားတာထည့် သံပရာသီးညှစ်ထည့် မကျည်းရည်ထည့်ပြီး အသာလေး သမသွားအောင်ထောင်း အရသာမြည်းပြီးရင် သန့်စင်ပြီး ရေနွေးဖျောထားတဲ့ မှို အချောင်းလိုက်လေးတွေကိုလှီးထားပါ။

 

ပြီးလျှင် မှို၊ သခွားသီးနဲ့ မုန်လာဥနီ ထည့်ထောင်းပါ။ ရပြီဆို ပန်းကန်ထဲပြင်ထည့်ပြီး ပုစွန်ခြောက်လေး ဖြူးလိုက်ပါ။ မြေပဲကြိုက်နှစ်သက်ရင်တော့ မြေပဲစေ့လှော်လေးပါဖြူး လိုက်ပါ။ နောက်မှ ဂေါ်ဖီထုပ်၊ ကန်ဇွန်းရိုးနီတို့နဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:17
Rate this item
(0 votes)