Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကန်စွန်းရွက်တန်ပူရာကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူ ကြော်စားနိုင်တဲ့ ကန်စွန်းရွက်တန်ပူရာကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ တရုတ်ကန်စွန်းရွက်၊ တန်ပူရာမှုန့်၊ သကြား၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကန်စွန်းရွက်ကို ထွင်ပြီး ရေစင်အောင်ဆေးကြောပြီး ရေစစ်ပေးထားပါ။

 

ပြီးလျှင် ဇလုံတစ်လုံးထဲတွင် တန်ပူရာမှုန့်ကို ရေဖြင့် ခပ်ပျစ်ပျစ်လေး ရောမွှေပေးထားပါ။

 

ပြီးနောက် မုန့်နှစ်ခွက်ထဲ ကန်စွန်းရွက်များ ထည့်စိမ်ပေးပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီပူလာလျှင်တော့ မုန့်နှစ်စိမ်ထားတဲ့ ကန်စွန်းရွက် တန်ပူကို အရောင်သမ်းလာသည်အထိ ကြော်ပေးပြီး ဆန်ခါဖြင့်ပြန်ဆယ်ပေးထားပါ။

 

ဆီစစ်ပြီးရင်တော့ ကန်စွန်းရွက်တန်ပူရာကြော်ကို အချဉ်ရည်ဖြင့် အရသာရှိစွာ စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:42
Rate this item
(2 votes)